ကြယ်စင်လေး ကျဆုံးသွားတဲ့ ရက် (၁၀၀) ပြည့် နေ့လေးမှာအုတ်ဂူလေးကို သွားရောက်ပြီး နာကျင်ခံစားနေရတဲ့ ချစ်သူကောင်လေး

ကြယ်စင်လေး ကျဆုံးသွားတဲ့ ရက် (၁၀၀) ပြည့် နေ့လေးမှာအုတ်ဂူလေးကို သွားရောက်ပြီး နာကျင်ခံစားနေရတဲ့ ချစ်သူကောင်လေး

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ မတ်လ (၃) ရက်နေ့မှာ ဦးခေါင်း ကျည်ထိမှန်ပြီး ကျဆုံးသွားတဲ့ သူရဲကောင်းမလေး ကြယ်စင်ကိုတော့ ပြည်သူတွေက အခုချိန်ထိ သတိရပြီး နှမျောနေကြဆဲပဲ ဖြစ်ပါတယ်။

ကြယ်စင်လေးက အသက် (၁၉) နှစ် အရွယ်သာ ရှိသေးပေမယ့် စိတ်ဓာတ် ကြံ့ခိုင်ပြီး ထက်မြက်တဲ့ မိန်းကလေးဖြစ်ပါတယ်။

တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ သူမကို မိဘတွေကလည်း သည်းသည်းလှုပ် ချစ်ပြီး စိတ်ချမ်းသာအောင် ထားပေးတာ ဖြစ်ပါတယ်။

အခုတော့ သမီးလေးကို အပြီးဆုံးရှုံး လိုက်ရပြီဖြစ်လို့ မိဘတွေလည်း ယူကြုံးမရ ဖြစ်နေကြတာဖြစ်ပါတယ်။

ကြယ်စင်လေးရဲ့ နောက်ဆုံး ခရီးကိုလည်း ပြည်သူ အများအပြားက ဝမ်းနည်း ကြေကွဲစွာနဲ့လိုက်ပါ ပို့ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ကြယ်စင်လေးရဲ့ ချစ်သူဆိုရင် မသင်္ဂြိုလ်ခင် အချိန်ထိ သူမရဲ့ဘေးနားမှာပဲ အမြဲနေခဲ့တာ ပဲဖြစ်ပါတယ်။

ဒါ့အပြင် ချစ်သူကောင်လေးက သူမကျဆုံးခဲ့တဲ့ နေရာလေးကို သွားရောက်ပြီး ပန်းတွေလည်း ထားပေးတာဖြစ်ပါတယ်။

ထွက်သွားတဲ့ သူတွေထက် ကျန်ခဲ့ရတဲ့ သူတွေက ပိုနာကျင်ခံစားရပြီး ဘယ်တော့မှ မမေ့ပျောက်နိုင်တာ ဖြစ်ပါတယ်။

အခု ဆိုရင်တော့ ကြယ်စင်လေး ကျဆုံးတာရက် (၁၀၀) ပြည့်သွားပြီဖြစ်လို့ ချစ်သူကောင်လေးက သူမရဲ့ အုတ်ဂူလေးကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ချစ်သူ ကောင်လေးရဲ့ ခံစားချက်ကိုလည်း ပြည်သူတွေက နားလည်လို့ သူတို့နှစ်ယောက်အတွက် စိတ်မကောင်း ဖြစ်နေရတာ ဖြစ်ပါတယ်။

ဒီကာလမှာ အရမ်းချစ်တဲ့ ချစ်သူတွေလည်း ခွဲခွါနေရတာကြောင့် ဒီလိုအဖြစ် ဆိုးမျိုးတွေနဲ့ ဘယ်သူမှ မကြုံကြပါစေနဲ့တော့လို့ ဆုတောင်းရင်း ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *