“ကျွန်မပြည်သူ ပြည်သားတွေ သိပ်တော်တာပဲ” ဆိုတဲ့ အသံလေးကို ကြားချင်လှပါပြီလို့ပြောလာခဲ့တဲ့ အဆိုတော် G Fatt

“ကျွန်မပြည်သူ ပြည်သားတွေ သိပ်တော်တာပဲ” ဆိုတဲ့ အသံလေးကို ကြားချင်လှပါပြီလို့ပြောလာခဲ့တဲ့ အဆိုတော် G Fatt

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုတစ်ခေါက်မှာတော့ တေးသံရှင် အဆိုတော် G-Fattဟာ ပြည့်သူ့ လှုပ်ရှားမှုမှာ အားကြိုးမာန် တက်ပါဝင်ဖြစ်ခဲ့တဲ့ ပုံလေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။

G-Fattဟာ သီချင်းတွေကို တီထွင်ဖန်တီတဲ့ နေရာမှာ လူငယ်တွေရဲ့ ရင်ထဲကို ထိရောက်စေတဲ့ သီချင်း စာသားလေးတွေကြောင့် ပရိတ်သတ်တွေ အားပေး ထောက် ခံမှုကို တခဲနက် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူကတော့ Rap သီချင်းတွေကို ခံစား သက်ဝင်မှုအပြည့်နဲ့ သီဆိုပြီး ပရိတ်သတ်တွေ ရင်ထဲ ရောက်ရှိခဲ့တဲ့ တေးသံရှင် တွေထဲက တစ်ဦး ဆိုရင်လည်း မမှာပါဘူး။

G Fatt က စတိုင် စမက် ကျပြီး ကြွေစရာကောင်းတဲ့ သီချင်းစာသားတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံ တာကိုလည်း ခံနေရတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

ခုလက်တလောမှာတော့ G-Fattက အနုပညာ အလုပ်တွေကို ရပ်နားထားပြီး ပြည်သူ လှုပ် ရှားမှုတွေကို ဦးဆောင် ဆောင် ရွက်နေတာပဲ ဖြစ်ပါတယ်။ ခုအခါမှာလည်း ပြည်သူ့ လှုပ် ရှားမှုပါ ပါဝင်ဖြစ် ခဲ့တာကို သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှတဆင့် ရေးသား ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ ပြည်သူတွေနဲ့ အတူ ပြည်သူ့ လှုပ်ရှားမှုမှာ အနုပညာရှင် တစ်ယောက်အနေနဲ့ ပါဝင်ဖြစ်ခဲ့တဲ့ ပုံလေးတွေကို “ကျွန်မပြည်သူတွေ သိပ်တော်တာပဲ ဆိုတဲ့ အသံလေးကြားချင်လှပါပြီ” ဆိုတဲ့ ခေါင်းစဉ်လေးတပ်ကာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

အားလုံးနဲ့ အတူ နိုင်ငံခေါင်းဆောင်တွေ ပြည်သူတွေ အရှေ့ ပြန်လည် ရောက်ရှိလာဖို့ မျှေ ာ်လင့်ချက် ကြီးစွာ စောင့်မျှော်နေတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း G-Fattရဲ့ လှုပ်ရှားမှုက ပုံရိပ်လေးတွေကို နှစ် သက် သဘော ကျမယ်လို့ထင်ပါတယ်။ မြန်မာပြည်ကြီးလည်း အမြန်ဆုံး စစ်အာ ဏာရှင်အောက်က လွှတ်မြှောက်ပါစေ။

Add a Comment

Your email address will not be published. Required fields are marked *