ကျွန်မတို့ လင်မယားသာ ဒလန်တွေဆိုရင် ဖမ်း ဝရမ်းထုတ်ခံရပါ့မလားလို့ မေးလာခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု

ကျွန်မတို့ လင်မယားသာ ဒလန်တွေဆိုရင် ဖမ်း ဝရမ်း ထုတ်ခံရပါ့မလားလို့ မေးလာခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မင်းသမီးချော သ ရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံဟာဆိုရင် လူ ထု လှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလ ပိုင်းကနေစပြီး အခုချိန်ထိ တက်ကြွစွာ ပူးပေါင်းပါဝင် နေကြသူတွေပဲ ဖြစ်ပါတယ်။

ခုလက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေများကြောင့် တိမ်း ရှောင် နေရပေမယ့်လည်း နေ့စဉ် ရက်ဆက် သတင်း အချက်အလက်တွေကို သူမရဲ့လူမှုကွန်ရက် စာမျက် နှာမှတစ်ဆင့် မျှဝေပေးလေ့ရှိပါတယ်။

အခုလို တိမ်းရှောင်နေတဲ့ အတော အတွင်းမှာလည်း သူမတို့ ဇနီးမောင်နှံနဲ့ပတ်သက်ပြီး ကောလ ဟာလများစွာ ထွက်ရှိနေတာကြောင့် သူမရဲ့ Facebook အကောင့်ကနေပြန်လည် ဖြေရှင်း ပေးခဲ့တာပဲဖြစ်ပါတယ်။

” အခြေ အမြစ်မရှိတဲ့ page နဲ့website မှာ ပိုင်ဖြိုးသုကပြောကြားလာပါတယ် ဆိုပြီး တင်ထားတဲ့ သတင်းတွေ့လိုက်လို့ပါ။ သူရေးထားတာကလည်း တကယ်ကို ယုံလောက် စရာ အကွက် ကျကျ ဇာတ်လမ်း ဆင်ရေးထားတာပါ။

အခု ဒီမှာ အဲဒီ့ interview ရဲ့linkကို မထည့်ပေးဘူးဆိုတာ ကျွန်မထည့်ပေးလိုက်မှ အဲဒီ့ page အခုထက် reach ကောင်းသွားမှာစိုးလို့ပါ။ (လက်ရှိ တောင်သူ post က share 5.7K) ရည်ရွယ်ချက်ရှိရှိနဲ့ကို ထင်ယောင် ထင်မှားဖြစ်‌စေမယ့် ခေါင်းစဉ်တပ် ရေးထားတာပါ။

အဲဒီ့ postအောက်မှာ ဝိုင်းဝန်း စွပ်စွဲပြောဆို ထားသူများကိုလည်း မေးချင်လို့ပါရှင်။ ကျွန်မတို့ လင် မယားက ဒလန်တွေဆိုရင် ဝရမ်းထုတ်ခံရပါ့မလား ??? ကျွန်မတို့သာ အမှန်တရားဘက်က မရပ်တည်ချင်ရင် အသာလေး ရေလိုက် ငါးလိုက် ရေသာခို နေကြမှာပေါ့ရှင်။

(အဲ့သလို နေနေကြသူတွေလည်းရှိနေတာပဲ) အများ စိတ်ဆင်းရဲ နေရချိန်မှာ ကိုယ့် ဒုက္ခတွေ မဝေမျှချင်ပေမယ့် ဒီတစ်ခုတော့ အတိအကျ ကျွန်မပြောပါရစေ။

ကျွန်မပိုင်ဖြိုးသုသည် မည်သည့် အသွင်ပြောင်း media အတု page အတုကိုမျှ interview ဖြေကြားထားခြင်းမရှိပါ။

အရေးတော်ပုံကြီးအောင်မှ ဝရမ်းပြေး ဘဝအတွေ့ကြုံများဆိုပြီး တစ်ရက် သက်သက်ပြောပြရဦးမယ်” ဆိုပြီး လက်ရှိပြန့်နှံ့နေတဲ့ ကောလ ဟာလ သတင်းအတုတွေနဲ့ပတ်သတ်ပြီး ပြန်လည် ဖြေရှင်းလာတာကြောင့် ပရိတ်သတ်တွေလည်း သိရှိစေရန်အတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်။

ဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ်ကြီးကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *