ကျွန်တော်မသေချင်သေးဘူး ကြောက်တယ်ဆိုပြီး မိဘတွေကို ကင်ဆာရောဂါကုပေးဖို့တောင်းဆိုခဲ့တဲ့ ကလေးငယ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကျွန်တော်မသေချင်သေးဘူး ကြောက်တယ်ဆိုပြီး မိဘတွေကို ကင်ဆာရောဂါကုပေးဖို့တောင်းဆိုခဲ့တဲ့ ကလေးငယ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့အသက် (၅) နှစ်အရွယ် ကောင်လေးက သူရဲ့ ကင်ဆာရောဂါ ကုသပေးဖို့ ဖခင်ဖြစ်သူကို တောင်းဆိုလာခဲ့ပါတယ်။

သူရဲ့ ဖခင်ကလည်း ရောဂါ ကုသစရိတ်အတွက် ငွေ အလုံအလောက်မရှိတာကြောင့် အတော်လေးကို ဒုက္ခရောက်နေရကြောင်း သိရှိရပါ တယ်။ Wang Yan အမည်ရှိတဲ့ ၎င်း (၅) နှစ်အရွယ် ကောင်လေးက leukemia ဆိုတဲ့ သွေးကင်ဆာရောဂါကို ခံစားနေရတာဖြစ်ပြီး ရောဂါကုသနေတာ (၉) လ ခန့်ရှိနေပြီဖြစ်ပေမဲ့လည်း ကျန်မာရေး အခြေအနေ တိုးတက်ကောင်းမွန်လာခြင်းမျိုးတော့ မရှိပါဘူး။

(၉) လခန့် ကြာပြီးချိန်မှာတော့ ၎င်းတို့ မိသားစု စုဆောင်းထားတဲ့ငွေ တပြားတစ်ချက်မှ မရှိတော့တဲ့အတွက် သားဖြစ်သူရဲ့ ရာဂါကိုကုသပေးဖို့အဆင် မပြေတော့သဖြင့် ရင်နာနာနဲ့ သားဖြစ်သူကို ဆေးရုံမှခေါ်ဆင်းပြီး အိမ်သို့ခေါ်ပြန်လာခဲ့ပါတယ်။ သားဖြစ်သူ သေဆုံးမည့်နေ့ရက်ကိုသာ စောင့်နေဖို့သာ ဆုံးဖြတ်ချက်ချလာခဲ့ရပါတယ်။

Wang Yan က (၂၀၁၄) ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကျန်းမာ သန်စွမ်းတဲ့ ကလေးငယ် တစ်ယောက်ဖြစ်ခဲ့ပေမဲ့လည်း (၂၀၁၈) ခုနှစ်မှာ အပြင်းအထန် ဖျားပြီးနောက် ဆ ရာဝန်များစစ်ဆေးပေးခဲ့တဲ့ အချိန်မှာတော့ သွေးဖြူဆဲလ်တွေများလွန်းတဲ့ သွေးကင်ဆာရောဂါမျိုး ခံစားနေရတာဖြစ် ကြောင်းရှာဖွေတွေ့ရှိလာခဲ့ပါတယ်။

အရိုးခြင်ဆီတွေထဲမှာလည်း သွေးဖြူဆဲလ်တွေ အများအပြား တိုးပွားလာလျက်ရှိကြောင်း သိရှိရပါတယ်။ Wang Yanရဲ့ကျန်း မာရေး အခြေအနေ တိုးတက်ကောင်း မွန်လာခြင်း မရှိခဲ့တဲ့အတွက် သူရဲ့ မိဘများကလည်း ကုသပေးဖို့ ငွေများလုံးဝမရှိတော့တဲ့ အချိန်မှာတော့ Wang Yan ရဲ့မိဘများက သူ့ကိုအိမ်သို့ ခေါ်ပြန်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။

သို့ပေမဲ့လည်း Wang Yanက သူရဲ့ဘဝကို အရှုံးပေးလိုက်ဖို့ အဆင်သင့် မဖြစ်သေးခဲ့တဲ့အတွက် သူရဲ့ အိပ်ယာကိုတွယ်ဖက်ကာ ရှိုက်ငိုရင်း ဖေဖေ ကျွန်တော့်ကို ကယ်ပါ။ ကျွန် တော်မသေချင်သေးဘူး။

ကျွန်တော်ကြောက်တယ်ဆိုပြီး ဖခင်ကို တောင်းဆိုလာခဲ့ပါတော့တယ်။ ဆရာဝန်များကလည်း Wang Yan ကိုတခြားသော ဆေးရုံသို့ လွဲပြောင်းပြီး ကုသဖို့ မိဘများကို အ ကြံပေးခဲ့ပြီး ကုန်ကျစရိတ်မှာ 1 million yuan မြန်မာငွေ (သိန်းနှစ်ထောင်) ကျော်ဝန်ကျင်အထက် ကုန်ကျမည်ဖြစ်ကြောင်း ရှင်းပြလာခဲ့ပါတယ်။

ထို့ကြောင့် Wang Yan ရဲ့ မိဘများက ပြည် သူလူထုထံသို့ အလှူငွေတောင်ခံပြီး အကူ အညီ တောင်းခံဖို့သာ ဆုံးဖြတ်ချက်ချလာခဲ့ကြပါတယ်။

ကံကောင်းထောက်မစွာနဲ့ နာရီပိုင်းအတွင်းမှာပဲ တရုတ်ပြည်သူ လူထုများက Wang Yan အတွက် ဆေးကုသစရိတ်အကုန်လုံးကို ကူ ညီထောက်ပံ့ပေးနိုင်ခဲ့ကြပါတယ်။

လူအများရဲ့ ကြင်နာသနာမှုအပေါ် Wamg Yan ရဲ့မိဘများကအနှိုင်းဆမရှိအောင် ကျေးဇူး တင်ကြပြီး လူ့အဖွဲ့အစည်းတွေက ကျွန်တော်တို့ကို အတော်လေးကြင်နာပေးပါကြတယ်။ Wang Yan ကျန်းမာလာအောင် ကျွန်တော်တို့ အသက်နိုင်ဆုံးကြိုးစား ကုသ သွားပါမယ်ဆိုပြီး ပြောသွားလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်းကလေးငယ်အတွက် အားပေးစကားလေးတွေ ပြောခဲ့ကြပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူး တင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *