ကျွတ် ကျွတ် အိတ်ထဲ ရှိတာလေးထည့်ပြီး စားနေရပေမယ့် လုံးဝ နောင်တမရကြောင်း ယတိ ပြတ် ပြောလာခဲ့တဲ့ ပိုးလေး

ကျွတ်ကျွတ် အိတ်ထဲ ရှိတာလေးထည့်ပြီး စားနေရပေမယ့် လုံးဝ နောင်တမရကြောင်း ယတိ ပြတ် ပြောလာခဲ့တဲ့ ပိုးလေး

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ လူရွှင်တော် ပိုးလေးက အာဏာရှင် စနစ်ကို ဆန့်ကျင် တော်လှန်သူတွေထဲတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ခုလက်ရှိမှာလည်း လွတ်မြောက် နယ်မြေ တစ်နေရာသို့ ရောက်ရှိနေပါတယ် ။

တော်လှန်ရေးတိုက်ပွဲ အတွက် ရောက်ရာ နေရာကနေ အစွမ်းကုန် ကြိုးစား ဆောင်ရွက်ပေးနေသူ တစ်ဦးပဲ ဖြစ်ပါတယ် ။

ခုလက်ရှိမှာတော့ တောထဲမှာ လုံခြုံမှုမရှိတဲ့ အတွက် ဘေးကင်းရာသို့ တိမ်းရှောင် နေရပါတယ် ။

ဒါ့ကြောင့် သုံးရက်လောက် ဆိုရှယ် မီဒီယာပေါ်ကနေ ပျောက်ကွယ် နေခဲ့တာပဲ ဖြစ်ပါတယ် ။

လိုင်း မိမိချင်းမှာပဲ ပိုးလေးရဲ့ လူမှုကွန်ယက်မှာ ပုံလေးတစ်ချို့ တင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါကတော့ ဘေးကင်းရာသို့ တိမ်းရှောင်ရင်း ကျွတ် ကျွတ်အိတ်ထဲ ရှိတာလေးထည့်ပြီး စားနေရပေမယ့် လုံးဝ နောင်တမရကြောင်း ယတိပြတ် ပြောလာခဲ့တာပဲ ဖြစ်ပါတယ် ။

သူကလည်း ”မင်း နောင်တရနေပြီလားလို့ မမေးနဲ့ ဘယ် တော့မှ နောင်တမရဘူး ။ ဒါပေမယ့် မတူညီတဲ့ ဘဝတွေမှာ အတွေ့ကြုံတွေတော့ အများကြီးရတယ် ။

အာဏာရှင်တွေကို ဘယ်လိုပဲ တော်လှန်ရ တော်လှန်ရ ကျေနပ်တယ် ” လို့ရေးသားလာခဲ့ပါတယ် ။

ပရိတ်သတ် တွေကလည်း အာဏာရှင်တွေကို တော်လှန်နေတဲ့ လူရွှင်တော် ပိုးလေး အတွက် အားပေး စ ကားလေးများ ပြောပေး သွားကြ ပါအုံးနေ ာ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင် လျက်ပါ ။

Add a Comment

Your email address will not be published. Required fields are marked *