ကျောင်းသား ၃၃ သိန်းကျောင်းတက်နေပြီး စာသင်ချိန်နည်းပါးတာကြောင့် ကျောင်း အမြန်တက်ကြဖို့ ပြောကြား

ကျောင်းသား ၃၃ သိန်းကျောင်းတက်နေပြီး စာသင်ချိန်နည်းပါးတာကြောင့် ကျောင်း အမြန်တက်ကြဖို့ ပြောကြား

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ နိုဝင်ဘာလ ၂၆ ရက် ယနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြားချက်အရ လက်ရှိပြန်လည်

ဖွင့်လစ်ထားတဲ့ အခြေခံပညာ ကျောင်းတွေမှာ ကျောင်းသား ၃၃ သိန်း ကျောင်းတက်နေပြီဖြစ်ပြီး စာသင်ချိန်လည်း နည်းပါးတာကြောင့် ကျောင်း အမြန်တက်ကြဖို့ တိုက်တွန်း ပြောကြားထားပါတယ်။

ကျောင်းအပ်သူ ၄၇ သိန်းရှိတဲ့ထဲက ကျောင်းသား ၃၃ သိန်းသာ ကျောင်းတက်နေကြရာ သင်းရိုးတွေလည်း ဖြေလျှော့ပေးထားတာဖြစ်ပြီး စာသင်ချိန်ဟာ ၆ လ သာရှိတာကြောင့် ကျောင်းသားတွေ မနစ်နာရ အောင် ကျောင်းအမြန်တက်ကြဖို့ ပြောထားတာဖြစ်ပါတယ်။

ဖြေလျော့သင်ရိုးမှာ သင်ရိုးရဲ့ ၆၀ ရာခိုင်နှုန်းကို ကျောင်းမှာ သင်ကြားမှာဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို အိမ်မှာ လေ့လာရမှာ ဖြစ်တယ်လို့ သိရပါတယ်။

စာမေးပွဲတွေကို ပထမနှစ်ဝက်နဲ့ ဒုတိယနှစ်ဝက်ဆိုပြီး ၂ ကြိမ်ကျင်းပမှာဖြစ်ကာ ၂၀၂၂ ဇန်နဝါရီလမှာ တစ်ကြိမ်၊ မတ်လမှာ တစ်ကြိမ်ကျင်းပသွားမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုလည်း သင်္ကြန်မတိုင်ခင် ကျင်းပသွားမယ်လို့ သိရပါတယ်။

ကျောင်းဖွင့်ဖို့ကျန်နေတဲ့ မြို့နယ် ၄၆ မြို့နယ်က ကျောင်းသားတွေအတွက်လည်း အိမ်အရောက် ဖြေလျှော့သင်ရိုးတွေပို့ပေးဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

စာသင်နှစ် ၆လနဲ့ ကျင်းပမယ့် စာပေးပွဲအချိန်စာရင်းတွေနဲ့ပတ်သက်ပြီး ”စာမေးပွဲစစ်ဆေးမှုတွေအနေနဲ့အခြေခံပညာကျောင်းသားများအတွက်

ပထမ နှစ်ဝက်စစ်ဆေးခြင်းနဲ့ နှစ်ဆုံးစစ်ဆေးခြင်း နှစ်ပိုင်းခွဲလုပ်သွားမှာဖြစ်ပြီး ပထမနှစ်ဝက်စစ်ဆေးခြင်းကိုတော့ လာမယ့် ဇန်နဝါရီ ပထမပတ်မှာ ကျင်းပမှာဖြစ်ပါတယ်။ နှစ်ဆုံးစစ်ဆေးခြင်းကိုတော့ မတ်လထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး

ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုဟာ ကျောင်းတွေပြန်ဖွင့်တဲ့နိုဝင်ဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ အတွင်းသင်ထားတဲ့ စာတွေအတွက် စစ်ဆေးမှာဖြစ်ပြီး နှစ်ဆုံးစစ်ဆေးမှုကိုတော့

ဇန်နဝါရီလကနေ မတ်လအထိသင်ယူထားတဲ့စာတွေကိုစစ်ဆေးမှာဖြစ်တယ်လို့ ” SAC ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလာခဲ့ပါတယ်။

အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *