ကျောင်းလခအစား ပလပ်စတစ် အမှိုက်များကိုသာ လက်ခံပြီး တစ်မြို့လုံးကိုပြောင်းလဲစေခဲ့တဲ့ စာသင်ကျောင်း

ကျောင်းလခအစား ပလပ်စတစ် အမှိုက်များကိုသာ လက်ခံပြီး တစ်မြို့လုံးကိုပြောင်းလဲစေခဲ့တဲ့ စာသင် ကျောင်း

အိန္ဒိယ်နိုင်ငံ စိမ်းလန်းစိုပြေသော Guwahati တောင် ကုန်းများပေါ်ရှိ Pamohi ရွာမှာAkshar Foundation ကျောင်းတစ်ကျောင်းတည်ရှိနေပါတယ်။

ဤအခမဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကျောင်းဟာ ၎င်း၏ကျောင်းသားများအား ပညာရေးနှင့်အသက်မွေး၀မ်းကြောင်းအတွက် အရေးကြီးသောအရင်းအမြစ်နှစ်ခုကို ပံ့ပိုးပေးလျက်ရှိပါတယ်။

အိန္ဒိယနိုင်ငံ Assam ပြည် နယ်၏ ဤအစိတ်အပိုင်း၌ လူဦးရေဟာ အ ထူးသဖြင့်စီးပွါးရေးစံနှုန်း အောက်တွင်သာရှိပါတယ်။

ကျောင်းတည်ထောင်သူ Mazin Mukhtar နှင့် Parmita Sharma တို့ဟာ ၎င်းတို့၏စိတ်ကူးကို အုတ်များဖြင့် နံရံများအဖြစ်သို့ ပထမဆုံးအကြိမ် စတင်

ပြောင်းလိုက်တဲ့အခါ ၎င်းတို့ဟာ ၎င်းတို့ရဲ့အစီအစဉ်ကို အကွက်ကျကျစီစဉ်ထားခဲ့ကြပါတယ်။

ဘယ်လိုစတင်ခဲ့လဲဆိုတော့ ၎င်းတို့ဟာ ကျောင်းလခအစား စွန့်ပစ်ပလပ်စတစ်များကိုသာ လက်ခံခဲ့ကြပါတယ်။

၎င်းကျောင်းတွင် အသက် ၄ နှစ်မှ ၁၅ နှစ်အကြား ကျောင်းသား ၁၁၀ ခန့်ရှိပါတယ်။

၎င်းတို့ဟာ အပတ်တိုင်း ကျောင်းသားများရဲ့ပညာရေးရန်ပုံငွေအဖြစ် ပလတ်စတစ်အမှိုက် ၂၅ အိတ်လောက်ယူလာခိုင်းပါတယ်။

၎င်းဒေသရှိပတ်ဝန်းကျင်ဟာ ပလပ်စတစ်အိတ်များကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေခဲ့တာကြောင့် ပလပ်စတစ်များအား ကျောင်းသို့ယူလာစေကာ ဆောင်းရာသီ

တွင် ပလပ်စတစ်များအား မီးပုံထဲထည့်ရှို့စေကာ ကျောင်းသားများက နွေးထွေးစေခဲ့ပါတယ်။

တည်ထောင်သူတွေက တစ်ချက်ခုတ် နှစ်ချက်ပြတ်စေဖို့ စိတ်ကူးခဲ့ကြပါတယ်။

မိဘများကလည်း ၎င်းတို့၏ကလေးများအား ကျောင်းသို့စေလွှတ်ရန်နှင့် ပလတ်စတစ်အမှိုက်များအား မရည်ရွယ်ဘဲပစ်ခြင်းအားဆန့်ကျင်ရန် ကတိပြုထားခဲ့ကြပါတယ်။

ထို့အပြင် Akshar ဖောင်ဒေးရှင်းဟာ ၎င်း၏ ကျောင်းသားများကို အသက်မွေးဝမ်းကျောင်းအ တတ်ပညာများထောက်ပံ့ပေးပြီး ကျောင်းတွင် ၎င်း

တို့၏ပလတ်စတစ်အမှိုက်များကို အသုံးဝင်သောအရာများအဖြစ် ပြန်လည်အသုံးပြုရန်လည်း သင် ကြားပေးနေလျက်ရှိပါတယ်။

၎င်းတို့ဟာ တင်းကျပ်စွာ ထုပ်ပိုးထားတဲ့ပလပ်တစ်ဘူးများအား အုတ်များ အဖြစ်သုံးကာ ဆောက်လုပ်ရေးပစ္စည်းများအဖြစ် အသုံးပြုသလို ကျောင်းသားများ

ဟာ ဤပလတ်စတစ်ပုလင်းများကို ရောင်းချလို့ ရတဲ့ငွေ များကို ကျောင်း တွင် ၎င်းတို့ရဲ့သင်ထောက် ကူပြုအခြေခံ ပစ္စည်းများအား ပြန်လည် ဝယ်ယူနိုင်ပါတယ်။

Mahatma Gandhi ၏အကြံဥာဏ်ဖြင့် inspire ယူထားတဲ့ အဆိုပါ Akshar Foundation ဟာ ၎င်းတို့ရဲ့ကျောင်းသားများအား လက်တွေ့ကျသောပညာရေးကို မိတ်ဆက်ပေးခဲ့ပါတယ်။

ထို့အပြင် ၎င်းဟာ ကျောင်းသားများအား ဆိုလာပြားများတပ်ဆင်ရန် ၊ လည်ပတ်ရန်နှင့် ကျောင်း ၏ရှုခင်းဒီဇိုင်းအနေအထားများကိုပါ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

ဤအရာအားလုံးဖြင့် ကျောင်း၏ သတ်မှတ်ချက်အတွင်းပြီး မြောက်အောင် လုပ်ခြင်း ဟာ ကျောင်း

သားများအား ပညာရေးနှင့်အ သက်မွေးဝမ်းကျောင်းမှုက မှန်ကန်သော လမ်းညွှန်မှုဖြင့် တစ်ပြိုင်နက် ဖြစ်

ပေါ်စေလိမ့်မည်ဟု ၎င်းတို့အား လက်တွေ့ကျကျ မျှော်လင့်ချက်များပေးစွမ်းစေပါတယ်။ Crd

Add a Comment

Your email address will not be published. Required fields are marked *