ကျောင်းမှ ပြန်လာတိုင်း မိခင်ဖြစ်သူရဲ့အုတ်ဂူသို့ သွားရောက် အလွမ်းများဖြေ အနမ်းပေးခဲ့တဲ့ ၂ နှစ်အရွယ်ကောင်လေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကျောင်းမှ ပြန်လာတိုင်း မိခင်ဖြစ်သူရဲ့အုတ်ဂူသို့ သွားရောက် အလွမ်းများဖြေ အနမ်းပေးခဲ့တဲ့ ၂ နှစ်အရွယ်ကောင်လေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ သေခြင်းတရားက လူသားတိုင်း ရှောင်လွဲမရတဲ့ ကံကြမ္မာဆိုး တစ်ခုဖြစ်ပြီး မိမိချစ်ရသူ များအား ထာဝရ ဆုံးရှုံးလိုက်ရသူများမှာ မည်သို့ ဝမ်းနည်း ကြေကွဲရသည့် ခံစားချက်ကို တော်တော် များများ ခံစားဖူးကြမှာပါ။

ယခု အခါတွင်လည်း ဗီယက်နမ် နိုင်ငံမှ ၂ နှစ်အရွ ယ် ကျောင်းသားလေးက သေဆုံးသွားတဲ့ မိခင်ဖြစ်သူကို အရမ်း လွမ်းဆွတ် သတိရနေလျက် ရှိပြီး

ပြန်လိုချင်သော်လည်း မရနိုင်တော့တဲ့ အခြေ အနေကို ရောက်သွားပြီဖြစ်၍ ဝမ်းနည်း ကြေကွဲရုံမှ တစ်ပါး မတတ်နိုင်တော့တဲ့ အခြေ အနေကို ရင်ဆိုင်ခဲ့ရပါတယ်။

မည်သို့ပင် ပြည့်စုံ ချမ်းသာနေပါစေ မိဘ အစုံ အလင် မရှိတဲ့ ဘဝကို မိဘမဲ့ ဖြစ်သူများက အသိဆုံး ဖြစ်နေပါလိမ့်မည်။

ကောင်လေးရဲ့ မိခင်ဖြစ်သူက နေမကောင်းဖြစ်ပြီး အချိန်မှီ မကုသနိုင်ခဲ့တာကြောင့် လောကကြီးက အပြီး ပိုင် ထွက်သွားခဲ့ရပါတယ်။

ကောင်လေးက တစ်နေ့ တစ်နေ့ မိခင်ကို လွမ်းတဲ့ စိတ်များကို မဖျောက်နိုင်ခဲ့၍ စာသင်ကျောင်းမှ အတန်းတက်ပြီး အိမ်သို့ ပြန်လာတိုင်း မိခင် အုတ်ဂူသို့ သွား ရောက်ပြီး ဓာတ်ပုံလေး ကြည့်ရင်း ကြင်နာစွာ အနမ်းပေးလျက် ရှိပါတယ်။

၎င်း ကောင်လေးရဲ့ အဖြစ် အပျက်ကို ကြည့်ပြီး အများမှ ထပ်တူကြေကွဲ ဝမ်းနည်းမိခဲ့ကြပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ဒီစာကို ဖတ်နေချိန် ကောင်လေးနဲ့ ထပ်တူ ဝမ်းနည်းမိမယ်လို့ ထင်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူးကျေးဇူး တင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *