ကျောင်းမသွားခင် လမ်းဘေးမှာဖိနပ်တွေကို မုန့်ဖိုးအတွက် ထိုင်ချုပ်နေတဲ့ မောင်နှမနှစ်ယောက်ရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကျောင်းမသွားခင် လမ်းဘေးမှာဖိနပ်တွေကို မုန့်ဖိုးအတွက် ထိုင်ချုပ်နေတဲ့ မောင်နှမနှစ်ယောက်ရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ဖိလစ်ပိုင်နိုင်ငံ Palawan ကျွန်းရှိ Puerto Princesa မြို့ Palawan National ကျောင်းမှာတက်ရောက်နေတဲ့ အသက် (၁၃) နှစ်အရွယ် Manuelita အမည်ရှိတဲ့ ကောင်မလေးနှင့် အသက် (၁၂) နှစ်အရွယ် Micko Borbon အမည်ရှိတဲ့ ကောင်လေးတို့ မောင်နှမ နှစ်ယောက်က သူတို့ရဲ့ နေ့လည်စာအတွက် ဝင်ငွေရှာရန် ကျောင်းသို့ မသွားခင် လမ်းဘေးတစ်နေရာမှာ ဖိနပ်တွေကိုပြုပြင်တဲ့ အလုပ်ကို ထိုင်လုပ်နေလာခဲ့ကြပါတယ်။

မောင်နှမ နှစ်ယောက်က သူတို့နေ့လည်စာအတွက် သာမကဘဲ သူတို့ ဝင်ငွေကို အခြားနေရာမှာလည်း အသုံးပြုတယ်လို့ ပြောပြလာခဲ့ပါတယ်။ ကျောင်းရှိ သူတို့ရဲ့ စီမံကိန်းများအတွက် လုံလောက်တဲ့ ဝင်ငွေရရှိစေရန် လမ်းပေါ်မှာ ဖိနပ်တွေကိုပြန်ပြုပြင်တဲ့ အ လုပ်ကို လုပ်ခဲ့တာပါလို့လည်း ပြောလာခဲ့ပါတယ်။

Manuelita နှင့် Micko တို့မှာဖိနပ်တွေကိုပြန်ပြုပြင်နိုင်တဲ့ အလွန်ကောင်းတဲ့ အရည် အချင်း ရှိနေရခြင်းအကြောင်းက သူတို့ရဲ့ မိဘများဖြစ်ကြတဲ့ Emmanuel နှင့် Mary Ann Borbon တို့ကလည်း မြို့ထဲရှိ ဖိနပ်ပြင်တဲ့ နေရာမှာ အလုပ်လုပ်ကြခြင်း ကြောင့်သာဖြစ်ပါတယ်။ သူတို့မောင်နှမ ကလည်း ငယ်စဉ်ကတည်းက မိဘတွေကို ကြည့်ပြီး ဖိနပ်ကို ဘယ်လိုပြုပြင်ရမှာကို ကိုယ်တိုင် သင်ယူလာခဲ့ကြပါတယ်။

မိခင်ဖြစ်သူက သူတို့ မိသားစုမှာ ကိုယ်ပိုင် အိမ်မရှိသေးတာကြောင့် ပုံမှန် ရုန်းကန်နေရကြောင်းနှင့် ဘယ်လို အခြေအနေဘဲဖြစ်ဖြစ် သူမရဲ့ကလေးတွေက ကျောင်းတက်ဖို့ ခိုင်ခိုင် မာမာ စိတ်ပိုင်းဖြတ်ထားကြတဲ့အတွက်ကြောင့် သူမက ဂုဏ်ယူကြောင်း ပြောလာခဲ့ပါတယ်။

၎င်းက ခက်ခဲတဲ့ ဘဝတည်ရှိ မှုပုံစံဖြစ်ပေမဲ့လည်း Manuelita နှင့် Micko တို့က သူတို့ရဲ့ လုပ်ရပ်တွေအတွက် ရှက်ရွံ့ နေခြင်း မရှိခဲ့ကြပါဘူး။ ကလေး နှစ်ယောက် စလုံးက ကျောင်းကို တက်နိုင်ဖို့ နှင့် သင့်တော်တဲ့ ပ ညာရေးရရှိဖို့ ဒီအလုပ်ကို လုပ်နေရတယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။

သူတို့ရဲ့ ကိုယ်ပိုင် ကျောင်းအုပ်ကြီးကလည်း ကျောင်းမှာ ကျောင်းသားအားလုံးကို အလုပ်ကြိုးစားဖို့ အမြဲ လှုံဆော်ပေးတတ်တဲ့ သူတို့မောင်နှမ နှစ်ယောက်စလုံးကို ဂုဏ်ပြုပေးဖို့ စဉ်းစားနေပြီးဖြစ်ပါတယ်။ မိဘက မုန့်ဖိုးပေးဖို့ မတတ်နိုင်ပေမဲ့လည်း ကလေးတွေနဲ့ မတူဘဲ ကိုယ့်မုန့်ဖိုးကို ကိုယ်တိုင် ရှာဖွေတတ်တဲ့ သူတို့ မောင်နှမ နှစ်ယောက်စလုံးရဲ့စိတ် ဓာတ်လေးကတော့ အတုယူစရာပါဘဲဗျာ။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်းတို့ မောင်နှမ နှစ်ယောက်အပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အား ပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *