ကျောင်းဖွင့်ချိန် ကာလ တို အတွင်း စာမေးပွဲ ကျင်းပမယ့်အပေါ် ဆရာ ဆရာမများ ဝေဖန် ပြစ်တင်

ကျောင်းဖွင့်ချိန် ကာလ တို အတွင်း စာမေးပွဲ ကျင်းပမယ့်အပေါ် ဆရာ ဆရာမများ ဝေဖန် ပြစ်တင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အာဏာသိမ်း စစ်ကောင်စီက ကျောင်းပြန်ဖွင့်ပြီး ကာလ တိုအတွင်း စာ မေးပွဲကျင်းပမယ့်အပေါ် ဆရာ ဆရာမနဲ့ ကျောင် းသားမိဘတွေ ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေရဲ့ အတန်းအလိုက် စာမေးပွဲတွေကိုမတ်လအ တွင်း ကျင်းပသွားမှာ ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း

စာမေးပွဲတွေကိုတော့ ဧပြီလ သင်္ကြန်မတိုင်ခင် ကျင်း ပသွားမယ်လို့ နိုဝင်ဘာ ၂၆ ရက်ကပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

စာသင်နှစ် တစ်နှစ်ကိုစာသင်ချိန် ၁၀ လ သတ်မှတ်ထားတဲ့ မြန်မာ့ပညာရေးစနစ်မှာတော့ စစ်ကောင်စီက စာသင်ချိန် ၆ လအတွင်း အတန်းတင်စာမေးပွဲတွေ ကျင်းပဖို့ စီစဉ်တာဟာ ကျောင်းသူ ကျောင်းသားတွေ အတွက် ပညာရည် ပြည့်ဝလာမှာ မဟုတ်ဘူးလို့ ဆရာ ဆရာမတွေက အခုလို ဝေဖန်လိုက်ပါတယ်။

“ကျမတို့ အရင်ကဆိုရင် ပညာသင်နှစ်ကို (၁၀)လ သက်မှတ်ထားပါတယ်၊ သူရဲ့ သင်ရိုးညွှန်းတန်း အ လိုက်ပေါ့၊ တစ်လချင်းစီ လပိုင်း မာတိကာနဲ့

(၁၀) လ သတ်မှတ်ထားတဲ့အချိန်မှာ အခုလို ကာလတိုလေနဲ့ဆိုတော့ကလေးတွေ အတွက်လည်း မထိရောက်ဘူး။ နောက်ပြီးတော့ ဝန်ထမ်းအင်အားကလည်း မလုံ လောက်ဘူးလေ။

အစားထိုးပြီးတော့ ခန့်ထားတဲ့ စစ်ကောင်စီရဲ့အခေါ်ပေါ့ ဆရာ၊ဆရာမတွေက သူတို့ကရော သင်တန်း စနစ် တကျ ပေးထားတာ မဟုတ်ပဲနဲ့ပညာအရည်

အချင်းတို့ ပြည်ဝတာမဟုတ်ပဲနဲ့ သူတို့သင်တဲ့ အချိန်မှာ သင်ယူတဲ့ ကလေးတွေအနေနဲ့ရော မပြည့်ဝဘူးလို့ ထင်ပါတယ်။

သူတို့အတွက် လုံလောက်တဲ့ သင်ကြားပြသမှုမျိုး မရရှိနိုင်ဘူးလို့ ထင်ပါတယ်၊ နောက်ပြီးတော့ ကာလတိုလည်းဖြစ်တဲ့အတွက်ဒီနှစ်အတွက် ကလေးတွေအတွက်ကတော့ ရင်လေးစရာပါပဲ လို့ ဆရာမတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျောင်းဖွင့်ချိန် နောက်ကျပြီး စာသင်ချိန်မရှိတာကြောင့် ကျောင်းသားကျောင်းသူတွေအနေနဲ့ သင်ခန်းစာတွေကို အပြည့်အဝ သင်ကြားခွင့်မရသလိုတက်မြောက်မှုအပိုင်းမှာလည်း ထိခိုက်တွေ ရှိလာနိုင်တယ်လို့ ဆရာ ဆရာမတွေက ပြောပါတယ်။

စာသင်ချိန် အပြည့်အဝမရှိဘဲ အတန်းတင်စာမေးပွဲ ကျင်းပတာဟာ ကျောင်းသား ကျောင်းသူတွေအနေနဲ့ အတန်းသာ အောင်ပြီး ဘာမှ အကျိုးရှိလာမှာ မဟုတ်ဘူးလို့ ကျောင်းသား မိဘတစ်ဦးက အခုလို ပြောပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာက ဒီလိုပဲလေ စစ်အာ.ဏာသိ.မ်းတဲ့ အကြိမ်ပေါင်းလည်း များလာပြီး စစ်အာဏာ အကြိမ်ကြိမ် သိမ်းတယ် ပညာတွေ အကြိမ်ကြိမ်မဲ့ခဲ့လို့ပဲ ကျွန်တော်တို့ နိုင်ငံ ဒီလို ပညာမဲ့ဖြစ်နေတာသူအတန်း အောင်ပေးမယ်ဆိုလို့ရှိရင် ပညာမဲ့တဲ့ပညာ ရေးပဲ ရမှာပေါ့။

အတန်းပဲအောင်ပြီး အသက်ပဲကြီးလာမှာ ဘာမှ ဗဟုသုတရှိပြီးတော့ အသုံးဝင်လာမှာ မဟုတ်တာ နိုင်ငံအတွက်လည်း အကျိူးမပြုဘူး။ သူ့အတွက် အကျိုးပြုအောင်ပဲ သူလုပ်တာပဲ။

နောက်ဆုံး ကျောင်းသားတွေ အတန်းတက်တယ်။ အောင်ပေးတယ် ဒါပဲရှိမှာ ဒီအခွင့်အရေးတစ်ခုပဲ သူလုပ်ပေးနိုင်တာ ပြည်သူအတွက်လည်း ဘာမှအကျိုးမရှိဘူး ကျောင်းသားအတွက်လည်း အကျိူးမရှိဘူး လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လမှာ ကျောင်းတွေကို မရမက ပြန်လည် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကိုဗစ် ကပ်ရောဂါကြောင့် ဇူလိုင်လ မှာပဲ ပြန်လည် ပိတ်သိမ်း ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ နိုဝင်ဘာ ၁ရက်နေ့မှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့ပြီး မတ်လနဲ့ ဧပြီလမှာ အတန်းစာမေးပွဲကျင်းပဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေကို တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကျောင်းသား ၁၅၀၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *