ကျောင်းပြောင်း လက်မှတ် (TC) မပါတဲ့ ကျောင်းသားတွေကိုပါ ယာယီလက်ခံ ပညာသင်ကြားပေးဖို့ဆောင်ရွက်ထားဟုသိရ

ကျောင်းပြောင်း လက်မှတ် (TC) မပါတဲ့ ကျောင်းသားတွေကိုပါ ယာယီလက်ခံ ပညာသင်ကြားပေးဖို့ဆောင်ရွက်ထားဟုသိရ

ကျောင်းပြောင်း လက်မှတ် (TC) မပါဘဲ ကျောင်းပြောင်း လာတဲ့ ကျောင်းသား ကျောင်းသူတွေကို မြို့နယ် ပညာ ရေးမှူးတွေက ကျောင်းသား လက်ခံရေးနဲ့ TC ရဖို့ အတွက်တွေကို သက်ဆိုင်ရာ ကျောင်းတွေ ရုံးတွေနဲ့ ညှိနှိုင်း ဆောင်ရွက် ပေးနေတယ်လို့ သိရှိရပါတယ် ။

အခြေခံ ပညာ ကျောင်း တစ်ကျောင်း ကနေ တစ်ကျောင်းကို လက်ရှိ ပညာ သင်နှစ် အတွင်းမှာ အခြေ အနေအရ ပြောင်းရွှေ့ ပညာ သင်ကြားရမဲ့ ကျောင်း သား ကျောင်သူတွေကို ကျောင်းပြောင်း လက်မှတ် (TC) မပါ သေးပေမဲ့လည်း ယာယီ လက်ခံ ပညာသင်ကြားပေးဖို့ နစက ကထုတ်ပြန်ထားပါတယ် ။

အခုလို လုပ်ဆောင် ရခြင်းဟာ ကျောင်းသား ကျောင်း သူတွေ ပညာသင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေဖို့အတွက် ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။

လက်ရှိမှာ TC မပါသေးဘဲ ပြောင်းလာတဲ့ကျောင်း သား ငါးယောက်လောက်ရှိပြီး သူတို့ကိုတော့ သက် ဆိုင်ရာ အတန်းတွေမှာ စာသင်ဖို့ ထားပေးတယ်လို့ သိရပါတယ်။ သူတို့ရဲ့ TC အမြန်ဆုံး ရဖို့ကိုလည်းလုပ်ပေးနေတယ် လို့ ကျောင်းအုပ် ဆရာမ တစ်ယောက်ပြောပြ ချက်အရ သိရှိရပါတယ် ။

လက်ရှိမှာ တိုင်း ဒေသကြီးနဲ့ ပြည်နယ် အသီးသီးက Stay at Home သတ်မှတ်ထားတဲ့မြို့နယ် တွေကလွဲပြီး ကျန် မြို့နယ်တွေက အခြေခံ ပညာ ကျောင်းတွေကို နိုဝင်ဘာလ ကနေစပြီး ပြန်လည် ဖွင့်လှစ်သင်ကြား ပေးနေတာ တွေ့ရပါတယ် ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *