ကျောင်းတွေ ပြန်ဖွင့်ဖို့ တာချီလိတ်မြို့တွင်းက အခြေခံကျောင်းတွေကို သန့်ရှင်းရေးပြုလုပ်နေကြတဲ့ လက်နှက်ကိုင်တပ်ဖွဲ့ဝင်များ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကျောင်းတွေ ပြန်ဖွင့်ဖို့ တာချီလိတ်မြို့တွင်းက အ ခြေခံကျောင်းတွေကို သန့်ရှင်းရေးပြုလုပ်နေကြတဲ့ လက်နှက်ကိုင်တပ်ဖွဲ့ဝင်များ

မင်္ဂလာပါ ချစ် ပရိသတ်ကြီးရေ တာချီလိတ်မြို့မှာ ကျောင်းပြန်ဖွင့်ရန်အတွက် လက်နှက်ကိုင် တပ်ဖွဲ့ဝင်များကသန့်ရှင်းရေးတွေပြု လုပ်နေကြတာပဲ ဖြစ်ပါတယ်။

အစိုးရဝန်ထမ်းတွေ အနေနဲ့ အာဏာရှင်ကိုဆန့်ကျင်ကြောင်း CDM လုပ်ပြီး ဆန္ဒပြနေကြသလို ကျောင်း သားမိဘနဲ့ ကျောင်းသားတွေဟာလည်း ကျောင်းဖွင့်ချိန်မှာ ကျောင်းမတက်ဘဲ CDM လုပ်နေခဲ့ကြတာ ပဲဖြစ်ပါတယ်။

ဘယ်လိုပဲ ကျောင်းမတက်သူ တွေရှိသော်လည်း စစ်ကောင်စီဟာ အစိုးရယန္တယားတွေကို အသက်ဝင်လာအောင် လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း တာချီလိတ်မြို့တွင်းက အခြေခံကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် ကျောင်းတွေမှာ သန့်ရှင်းရေးတွေ လုပ်နေကြပါတယ်။

လာမယ့် မေလ (၂၄) ရက်နေ့ကစတင်ပြီး ကျောင်း အပ်နှံရေးအတွက် စတင်လုပ် ဆောင်မှာဖြစ်တာကြောင့် အခုလိုသန့် ရှင်းရေးတွေ လုပ်နေခဲ့တာ ပဲဖြစ်ပါတယ်။

သန့်ရှင်းရေး လုပ်နေစဉ် အတွင်းမှာလည်း လုံခြုံရေး အပြည့်ယူထားပြီး ကျောင်းအနီးပတ်ဝန်းကျင် အား လုံးကို သန့်ရှင်းရေး လုပ်ကာ ဆေးသုတ်ပြီး ပြုပြင်နေကြပဲ ဖြစ်ပါတယ်။

တာချီလိတ်မြို့နယ်မှာ CDM လုပ်ဆောင်နေတဲ့ ဆရာ၊ဆရာမတွေ (၂၇၆) ဦးရှိပြီး ကျောင်းမတက်သူဦးရေလည်း များပြားလှပါတယ်။

အာဏာရှင်တွေဟာ မိမိတို့ရဲ့အာဏာ တည်မြဲရေးနဲ့ တိုင်းပြည်ပုံမှန် လည်ပတ်ရေး ကြိုးစားဆောင်ရွက် နေသော်လည်း ပြည်သူတစ်ရပ်လုံးက မလိုလာကြောင်း

ဆန့်ကျင်ဆန္ဒပြ ခဲ့ကြပြီး တိုင်းပြည်ရဲ့လုပ်ဆောင် ချက် တော်တော်များများဟာလည်း ရပ်တန့်သွားခဲ့ပါတယ်။

ပြည်သူတွေလည်း စားဝတ်နေရေး ကျပ် တည်းပြီး အသုံးပြုစရာ ငွေကြေးတွေလည်း ပိုမိုရှားပါးလာခဲ့ပါတယ်။

ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းကစတင်ခဲ့တဲ့ အဆိုးတွေဟာ လက်ရှိအချိန်မှာ ပိုပြီးဆိုးဝါးလာခဲ့ပါပြီ။

နယ်မြို့လေးတွေက စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိတ်လန့်နေရတဲ့ ပြည်မကြီးက ပြည်သူတွေဟာလည်း စစ်အာဏာရှင်ရဲ့ ဆိုးမွေတွေကို ခံစားနေရသူတွေပဲ ဖြစ်ပါတယ်။

ပြည်သူအချင်းချင်း ဖေးကူရင်းရှေ့ဆက် နေရပေမယ့် ဒီထက်ပိုပြီး ဆိုးဝါးလာတဲ့ အချိန်တွေရောက်လာခဲ့ရင် တိုင်းပြည်အ ခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာတော့မှာပါ။

စစ်အာဏာရှင် စနစ်ကျရှုံးစေဖို့အတွက် CDM သာ အဓိကမို့ CDM လုပ်နေကြတဲ့ တိုင်းပြည်သူရဲကောင်းတွေကို လေးစားဦးညွှတ်ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *