ကျဆုံးသွားတဲ့ သူရဲကောင်းရဲ့ ပူပူနွေးနွေး ခန္ဓာကိုယ်အား ဝမ်းနည်းစွာ ပုခုံးပေါ် ထမ်းပြန်လာခဲ့ကြတဲ့ သူရဲကောင်းလေးများ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကျဆုံးသွားတဲ့ သူရဲကောင်းရဲ့ ပူပူနွေးနွေး ခန္ဓာကိုယ်အား ဝမ်းနည်းစွာ ပုခုံးပေါ် ထမ်းပြန်လာခဲ့ကြတဲ့ သူရဲကောင်းလေးများ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ ကယားပြည်နယ်တွင် နေ့စဉ်နဲ့အမျှ တိုက်ပွဲအခြေအနေတွေ ပြင်းထန်နေပြီးတစ်ဖက်နှင့် တစ်ဖက်  အပြန်အလှန် ထိုးစစ်ဆင်ပြီး ပစ်ခတ်နေကြတာပဲ ဖြစ်ပါတယ်။

ဒီမော့ဆိုမြို့လေးကို တစ်ဖက်မှ လက်နက်ကြီးများဖြင့် ဝင်ရောက် တိုက်ခိုက်နေပြီး PDF တပ်ဖွဲ့ဝင်များမှ ရရာလက်နက်ဖြင့် ကြံ့ကြံ့ခိုင် ရင်ဆိုင်တော်လှန်နေကြတာပဲ ဖြစ်ပါတယ်။

အခုလို ရဲစွမ်း သတ္တိအပြည့်နဲ့ တိုက်ပွဲဝင်နေကြတဲ့ပြည်သူ့ ကာကွယ်ရေး တပ်မတော်မှ လူငယ်လေးများကို ပြည်သူတွေများမှ လေးစား ဂုဏ်ယူနေကြတာပဲ ဖြစ်ပါတယ်။

ငွေတောင်ဆည်နှင့် ဒီမော့ဆိုတစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ၎င်း မြို့လေးမှာ နေထိုင်ကြတဲ့

ပြည်သူများကို ဘေးကင်းလုံခြုံရာ နေရာများသို့ အမြန်ဆုံး ရွှေ့ပြောင်းကြရန်ပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့မှ အထူး အသိပေး အကြောင်း ကြားထားတာပဲ ဖြစ်ပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း တစ်ဖက်နဲ့တစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ကြောင်း PDF အဖွဲ့မှ သတင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သူတို့ဘက်မှ ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင် တစ်ဦးရဲ့ပူပူနွေးနွေး ခန္ဓာကိုယ်လေးကို ဝမ်းနည်းမှုတွေ အပြည့်နဲ့ ပုခုံးပေါ်ထမ်းပြီး ပြန်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပူပူနွေးနွေးခန္ဓာကိုယ်လေးကို ထမ်းပြန်ရတဲ့ အိမ်ပြန်လမ်းမှာ သူတို့ ငိုနေကြမှာလား ?

မြေပေါ်မှာ ကြဲနေတဲ စိန်ပန်းကြွေတွေကို နင်းကျေ ာ်သွားရင်း သူတို့ငိုနေကြမှာလား ?

အိမ်က မေးလာရင် ဘယ်လို ပြန်ဖြေရမလဲလို့ တွေးပူနေရင်း သူတို့ ငိုနေကြသေးလား ?

မေးခွန်းတွေ အခါခါမေးလို့ ကျွန်တော်တော့လေ ငိုနေမိတယ်။

ဝမ်းနည်းနေတဲ့ ပြည်သူတစ်ဦးမှ အခုလို ရေးသားထားတာ ပဲဖြစ်ပါတယ်။

စစ်ကောင်စီ တပ်များကို ခုခံ တိုက်ခိုက်ရင်း ကျဆုံးသွားတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ တော် လှန်ရေး အဖွဲ့အစည်းများမှ ရဲဘော်များ အားလုံးကို

အာဇာနည် သူရဲကောင်းများအဖြစ် လေးစား အသိမှတ်ပြုကြောင်းနှင့် ဒီမိုကရေစီ အရေးတော်ပုံအတွက် အသက် ပေးသွားကြသူများကို အစဉ်အမြဲ

သတိရနေမည်ဖြစ်ပြီး အရေးတော်ပုံ အောင်မြင်တဲ့အထိ ဆက် လက် တိုက်ပွဲ ဝင်သွားမည်ဖြစ်တဲ့

အကြောင်း ဒီမော့ဆိုမြို့နယ် PDF အဖွဲ့ရဲ့ လူမှုကွန် ရက်တွင် ရေးသားထားတာပဲ ဖြစ်ပါတယ်။

ရရာလက်နက်ကိုင်ပြီး အခုလို တိုက်ပွဲဝင်ပေးနေကြတဲ့ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းစေဖို့  ပြည်သူတွေများမှ  မေတ္တာပို့သပေးလျက် ရှိနေတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ရဲဘော်များအားလုံး ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့  ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *