ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ နာရေးကို သွားရောက်လှူဒါန်းရင်းမျက်ရည်ကျခဲ့ရတဲ့ အဖြစ်တွေကိုပြောပြလာတဲ့ သရုပ်ဆောင် မေ

ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ နာရေးကို သွား ရောက်လှူဒါန်းရင်းမျက်ရည်ကျခဲ့ရတဲ့ အဖြစ်တွေကိုပြောပြလာတဲ့ သရုပ်ဆောင် မေ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မော်လ်ဒယ် တစ်ယောက် ဖြစ်သလို အဆိုတော် တစ်ယောက် အဖြစ်လည်း ပရိတ်သတ်တွေ လက်ခံ အား ပေးချစ်ခင်ကြတဲ့ မေကတော့ ခုလက်ရှိ အ ခြေအနေ တွေမှာ ပြည်သူတွေနဲ့ အတူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်။

လမ်းပေါ် ထွက်ကာ လူထု လှုပ် ရှားမှု တွေမှာ ကိုယ် တိုင် တက်တက်ကြွကြွပါဝင် နေသလို လိုအပ်နေတဲ့ နေရာတွေမှာ လည်း အင်တိုက် အားတိုက်နဲ့ လှူဒါန်း နေပြီး ပြည်သူတွေ အတွက် တတ်နိုင်တဲ့ နေရာက နေ ပါဝင်အားဖြည့်နေ တာပဲ ဖြစ်ပါတယ်။

အလှူရှင်တွေ လှူဒါန်းထားတဲ့ ငွေကြေး တွေကို လိုအပ်တဲ့ နေရာတွေမှာ ပြန်လည် လှူဒါန်း နေတဲ့ မေ ကတော့ ကျဆုံး သွားကြတဲ့ ပြည်သူ့ သူရဲကောင်းတွေ ရဲ့နာရေးကို သွားရောက် လှူဒါန်းရင်း မျက်ရည်ဝဲခဲ့ရတဲ့ စိတ်မကောင်းစရာ အကြောင်းလေး တွေကို ပြန်လည် ပြောပြလာပါတယ်။

တိုက်ပွဲ ဝင်ရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်း သုံးဦး ရဲ့ နာရေး ကို ကိုယ်တိုင် သွား ရောက် ပြီး အလှူ ငွေတွေ လှူဒါန်းခဲ့တဲ့ အပြင် ဖေးမကူညီမှု တွေနဲ့ အားပေး စကားလေး တွေလည်းပြောရင်း မိသားစုဝင် တွေရဲ့ ဝမ်းနည်း စကားလေးကြောင့် စိတ်မကောင်း ဖြစ်ရတာတွေ ကို ပြောပြထားတာပဲ ဖြစ်ပါတယ်။

“မေ့ဆီမှာ လှူ ထားတဲ့ အလှူငွေ တစ်ချို့ထဲ ကနေ အရေးတော်ပုံ အတွက် တိုက်ပွဲဝင်ရင်း ကျဆုံး သွားတဲ့ သူရဲကောင်း ချစ်ကိုကိုဖြိုး (သင်္ကန်းကျွန်း) မောင်ကောင်းပြည့်ကျော် ( လှိုင် ) ဦးကျော်ဇင် လတ် (ခ) ဦးရှည်ကြီး တို့ရဲ့ မိသားစုဝင် တွေဆီ သွားရောက် လှူဒါန်းခဲ့ပါတယ်။

မိသားစုတစ်စုလျှင် (၉) သိန်းကျပ်ဆီလှူ ဒါန်းခဲ့ပါတယ်။ နောက်ပြီး လောလော လတ် လတ် တိုက်ပွဲများကြောင့် နေရပ်ဒေသကို စွန့်ခွါခဲ့ ကြရတဲ့ ကချင်မြေ မှ စစ်ဘေးရှောင် သွေးချင်းများ အတွက် (၁၀) သိန်းလှူဒါန်းခဲ့ပါတယ်။

မေ့ကို ထပ်လှူတဲ့ အလှူရှင် စာရင်းလည်း အောက်မှာ ဖော်ပြ ပေးထားပါတယ်။ ကျဆုံးသွား သူတွေ ရဲ့ မိသားစုဝင်တွေဆီက ဝမ်းနည်းခြင်း စကားသံ တွေဟာ ရင်ထဲမှာ ခံစားရပါတယ်။

“ဘဝထဲကနေ စောစော ထွက်ခွါသွား ခဲ့ပေ မယ့် တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ၂၂ အရွယ်သားလေး အတွက် ဂုဏ်ယူနေမှာပါ” ဆိုတဲ့ အမေတစ်ယောက် ရဲ့ စကားကြောင့် မျက်ရည်ဝဲ ရပါတယ်။

မေတို့အားလုံးရဲ့ စိတ်ထဲမှာလည်း အမြဲအမှတ် ရနေမှာပါ။ “အရေးတော်ပုံ အောင်မည်” ဆိုပြီး မေက ပြန် လည် ဝေမျှထားတာပဲ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *