ကျဆုံးသွားခဲ့တဲ့ သူရဲကောင်း သားလေးကို အေးအေးချမ်းချမ်းသွားပါဆိုပြီး တဖွဖွမှာရင်းနဲ့ အမြဲဂုဏ်ယူနေကြောင်းပြောပြနေတဲ့ မိခင်တစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကျဆုံးသွားခဲ့တဲ့ သူရဲကောင်း သားလေးကို အေးအေးချမ်းချမ်းသွားပါဆိုပြီး တဖွဖွမှာရင်းနဲ့ အမြဲဂုဏ်ယူနေကြောင်းပြောပြနေတဲ့ မိခင်တစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ဖေဖော်ဝါရီလ ကတည်းက စတင်ခဲ့တဲ့ လူထု လှုပ်ရှားမှုပွဲတွေက အခုအချိန် အထိတိုင်အောင် အရှိန်မလျော့သေးဘဲ ဆက်လက် အားကောင်းနေဆဲ ဖြစ်ပါတယ်။

တစ်ဖက်မှာဆိုရင်လည်း ကျဆုံးသွားတဲ့ပြည်သူတွေစာရင်းက တဖြည်းဖြည်းနဲ့ များပြားလာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ပေးသွားခဲ့ရတဲ့ ပြည်သူတွေထဲက တစ်ဦးဖြစ်တဲ့ မောင်အောင်မြင့်မြတ်က လွန်ခဲ့တဲ့ မတ်လ (၃) ရက်နေ့က စလင်းမြို့မှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းပဲ ဖြစ်ပါတယ် ။

မောင်အောင်မြင့်မြတ်က မကွေးတိုင်းဒေသကြီး စလင်းမြို့မှာနေထိုင်သူဖြစ်ပြီး (၃.၃.၂၀၂၁) မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ် ။

အသက် (၁၉) နှစ်သာရှိသေးတဲ့ မောင်အောင်မြင့်မြတ်က တက္ကသိုလ်ဝင် စာမေးပွဲမှာ ငါးဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ပြီး Magway TU မှာ (Civil 2nd Year) တက်နေတဲ့ ကျောင်းသားတစ်ဦးပဲ ဖြစ်ပါတယ် ။

အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း အရမ်းကို စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ် ။

ခုလတ်တလောမှာတော့ မောင်အောင်မြင့်မြတ်ရဲ့မိခင်က သူမရဲ့ သားလေးကို တဖွဖွမှာကြားရင်း စကားတွေပြောနေတဲ့ ဗီဒီယိုတစ်ခုက ကြည့်ရှုသူများပြားနေတာ ဖြစ်ပါတယ် ။

၎င်း ဗီဒီယိုထဲမှာဆိုရင် မောင်အောင်မြင့်မြတ်ရဲ့မိခင်က သူမကို စိတ်မပူဘဲ အေးအေး ချမ်းချမ်းသွားဖို့အတွက် သားဖြစ်သူကို တဖွဖွမှာကြားနေတာ ဖြစ်ပါတယ် ။

သူရဲကောင်း မောင်အောင်မြင့်မြတ်ရဲ့မိခင်ကတော့ သားလေးအတွက် ဂုဏ်ယူနေကြောင်းနဲ့ ဓာတ်ပုံ အရိုက်မခံတတ်တဲ့ သားရဲ့အကျင့်တွေကို သတိတရ ပြောပြနေတာ ဖြစ်ပါတယ် ။

သားကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ ရင်ဖွင့်စကားသံတွေကတော့ ပြည်သူတွေရဲ့ ရင်ကိုလှုပ်ခတ်စေခဲ့တာ ဖြစ်ပါတယ် ။

သားဖြစ်သူ နောက်ဆံ မတင်းရလေအောင် သူမကို စိတ်မပူဖို့ တဖွဖွမှာကြားနေတဲ့ မောင်အောင်မြင့်မြတ်ရဲ့ အမေအတွက် အားပေးစကားလေးတွေ ပြောခဲ့ပါအုံးနော်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *