ကော်ဖီအလွန်ကျွံ သောက်ခဲ့တာကြောင့် နရိုးကသက်ကြီးရွယ်အိုတစ်ယောက်ရဲ့ နရိုးတွေလိုဖြစ်နေမှန်းသိခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အဖြစ်

ကော်ဖီအလွန်ကျွံ သောက်ခဲ့တာကြောင့် နရိုးကသက်ကြီးရွယ်အိုတစ်ယောက်ရဲ့ နရိုးတွေလိုဖြစ်နေမှန်းသိခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ကော်ဖီ အလွန်အကျွံသောက်သုံးသူ အသက် (၃၀)နှစ် အရွယ် Han Xiao အမည်ရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့နရိုးက သူမထက် အသက် နှစ်ဆကြီးတဲ့ လူရဲ့ နံရိုးများနှင့် ဆင်တူနေတာကို တွေ့ခဲ့ရပါတယ်။

Wuhan မြို့ မှ ရုံးဝန်ထမ်း တစ်ဦးဖြစ်တဲ့ Hanက မကြာသေးခင်က တုပ်ကွေး ရော ဂါကူးစက်ခံခဲ့ရပြီး ရက်သတ္တပတ် အ နည်းငယ်အကြာအထိ ပြင်းထန်စွာ ချောင်း ဆိုးနေခဲ့ပါတယ်။

တစ်ညမှာ Hanက (၁၀) မိနစ်ကျော်ကြာတဲ့ အထိ ပြင်းထန်တဲ့ ချောင်း ဆိုးခြင်း ဝေဒနာခံစားခဲ့ရပြီးနောက် မခံရပ်နိုင်တဲ့ ရင်ဘတ်နာကျင်မှုအဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။

နောက်တစ်နေ့ နံနက်မှာတော့ ဆေးကုသမှုခံယူရန် Wuhan ဗဟို ဆေးရုံသို့ သွားခဲ့ပြီး သူမတွေ့ရှိခဲ့တဲ့ အရာကြောင့် သူမ အ လွန်အမင်း အံ့ဩလာခဲ့ရပါတယ်။

ဓာတ်မှန် ရိုက်ပြီးနောက်မှာ သူမရဲ့ရင်ဘတ်နာကျင်မှုက ပြင်းထန်တဲ့ချောင်းဆိုးခြင်းကြောင့် သူမရဲ့တတိယ စတုတ္ထနှင့် ပဉ္စမနံရိုးများမှာ အရိုးကျိုးသွားခဲ့ကြောင်းကို တွေ့ရှိခဲ့ရတယ် လို့ ဆရာဝန်က ပြောပြလာခဲ့ပါတယ်။

ထပ်မံအကဲဖြတ်မှုအနေဖြင့် Hanက ကော်ဖီကို ရေသောက်သလို သောက်ခဲ့ပြီး (၇)နှစ် အကြာ တစ်နေ့လျှင် ကော်ဖီခွက် (၁၀) ခွက်ကျော် သောက်သုံးခဲ့ကြောင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

Han ဟာ အရိုးတွင်းထွက် ဓာတ်သတ္တုသိပ် သည်းဆ စမ်းသပ်မှုကိုခံယူခဲ့ပြီး သူမရဲ့အရိုးများက အသက် (၆၀)နှစ် အရွယ်ရှိတဲ့ သက် ကြီးရွယ်အို တစ်ယောက်ရဲ့ အရိုးနှင့် တူကြောင်း ဆရာဝန်က ရှင်းပြလာခဲ့ပါတယ်။

ပိုဆိုးတာက Hanက အရိုးပွ ရောဂါဖြစ်ပွားဖို့ လမ်းကြောင်းပေါ်ရောက်နေကြောင်းကို တွေ့ရှိခဲ့ရပါတယ်။

ကော်ဖီ အလွန်အကျွံသောက်သုံးခြင်းဟာ လူငယ်များအကြား အရိုးပွရော ဂါဖြစ်ပွါးမှုကို ကြီးထွားလာစေကြောင်းကို Chen Baojun အမည်ရှိတဲ့ ရင်သားကင်ဆာ ခွဲစိတ်မှုဌာနရှိ ညွှန်ကြားရေးမှူး ဒေါက်တာက ထောက်ပြလာခဲ့ပါသေးတယ်။

ဟုတ်ပါတယ် ယခုခတ် လူငယ်တွေဟာ အ လုပ်အတွက် စိတ်နှစ်ထားတဲ့အခါ မအိပ်ချင်အောင် ကော် ဖီကို အလွန် အကျွံ သောက်တတ်လာကြပါတယ်။

ကော်ဖီ သောက်လွန်းရင်လည်း ဆိုးကျိုးဖြစ်စေတာမို့ စာဖတ်သူတို့လည်း သ တိထားနိုင်ဖို့ အခုလို ရေးသား ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *