ကောင်လေးနဲ့ လက်ထပ်ဖို့ ခုလက်ရှိအသက်ထက် (၁၉) နှစ်လျော့ပြောလာခဲ့တဲ့ အသက် (၅၀) အရွယ်အမျိုးသမီးရဲ့ အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကောင်လေးနဲ့ လက်ထပ်ဖို့ ခုလက်ရှိအသက်ထက် (၁၉) နှစ်လျော့ပြောလာခဲ့တဲ့ အသက် (၅၀) အရွယ်အမျိုးသမီးရဲ့ အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အသက် (၅၀) ရှိပြီဖြစ်တဲ့ Sharon Hawkins အမည်ရှိတဲ့ အမျိုးသမီးဟာ Perry Hopstein လို့ခေါ်တဲ့ သူမရဲ့ လက်တွဲ ဖော်အသစ်ကိုတွေ့ဖို့ dating App မှာ သူမရဲ့အသက်ကို (၁၉) နှစ်လျှော့ပြောလာခဲ့ပါတယ်။

ကောင်လေးက အသက် (၂၂) နှစ်သာရှိသေးလို့ သူမတို့စုံတွဲက အသက် (၂၈) နှစ်ကွာဟတဲ့ စုံတွဲဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် လူတွေက သူမကို အဲ့ဒီကောင်လေးရဲ့ အမေလို့ အထင်မှားနေကြပါတယ်။ သူတို့ရဲ့ အသက် ကွာခြားမှုကြောင့် အခြားသူတွေ ဝေဖန် ပြောဆိုကြပေမဲ့ အဲ့ဒီစုံတွဲက ဒီနှစ်မှာ လက် ထပ်ယူဖို့ စီစဉ်လာခဲ့ပါတယ်။

Noth Carolinaမှာ အလယ်တန်း ကျောင်း ဆရာမဖြစ်တဲ့ Sharonက သူမက ဝေဖန်ပြောဆိုနေတဲ့ သူတွေကို မသိချင်ယောင် ဆောင်လိုက်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်မက Perry ရဲ့ အမေလောက် အသက် ကြီးကောင်းကြီးနိုင်တယ်ဆိုပေမဲ့ ကျွန်မရဲ့ ပျော်ရွှင်မှုကိုတော့ မရပ်တန့်နိုင်ခဲ့ပါဘူး။

Perry နဲ့ ကျွန်မနဲ့က ဘယ်သူတွေ ဘာပြောပြော ကျွန်မတို့ဂရုမစိုက်ဘူးလို့ Sharonက ပြောခဲ့ပါတယ်။ (၂၀၁၅) မှာတော့ Sharon က သက်တမ်း (၁၆) နှစ်ရှိတဲ့ သူမရဲ့အိမ် ထောင်ရေးကို အဆုံးသတ်လိုက်ပြီး သူမရဲ့ခင်ပွန်းနဲ့ ကွာရှင်းလာခဲ့ပါတယ်။

ကျွန်မရဲ့ ခင်ပွန်းဟောင်း အသက်အရွယ်က ကျွန်မနဲ့အလားတူပါဘဲလို့ Sharonက ရှင်းပြလာခဲ့ပါတယ်။ Perry က ကျွန်မရဲ့ သားလေးသုံးယောက်ထက် အရမ်းကိုငယ်တယ်။ Perry မှာ စူးရှတဲ့ အပြာရောင်မျက်လုံးရယ် အညိုရောင်ဆံပင်နဲ့ လက်မှာလည်း ကြွက် သားတွေလာရှိပါတယ်။

သူက Model တစ်ယောက်နဲ့ အရမ်းတူပါတယ်။ သူ့ကို ကျွန်မကငါ အရမ်းကိုအိုနေပြီလို့ ပြောပါသေးတယ်။ ဒါပေမဲ့ သူ ဂရုမစိုက်ခဲ့ပါဘူးလို့ Sharonက ပြောလာခဲ့ပါတယ်။ သူမက (၂၃) နှစ်အရွယ်သမီးနဲ့ အတူနေထိုင်နေပါတယ်။

သူမ သမီးလေးက သဘောမတူတာတို့ဘာတို့ မရှိပါဘူး။ နောက်တစ်ပတ်မှာတော့ Perry က သူမရဲ့သမီးလေးအတွက်ရော သူမအတွက်ပါ dinner ချက်ကျွေးဖို့ Sharon ရဲ့အိမ်ကို လာခဲ့ပါတယ်။ (၂၀၂၀) ဇွန်လမှာ သူတို့နှစ်ဦး တရားဝင်စုံတွဲ ဖြစ်လာပါတော့တယ်။

မကြာခင်မှာဘဲ Sharonဟာ Perry ရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်မတို့ perryရဲ့ အမေကို သူတို့နှစ်ယောက် တွဲနေတယ်ဆိုတဲ့အကြောင်း ရှင်းပြလာခဲ့ပါတယ်။ သူ့အမေက ကျွန်မနဲ့ တစ်ရွယ်တည်းပါ။ ကျွန်မအရမ်းဘဲ ကြောက်ရွံ့မိပါတယ်။

ကျွန်မက အသက် (၄၀) ဆိုပြီး Perry က သူ့အမေကို လိမ်ပြောလာခဲ့ပါတယ်။ နောက်ပြီး ကျွန်တော် သူမနဲ့ ဆုံတွေ့ရတာ ကျွန်တော် စိတ်သက်သာရာရတယ် လို့ သူ့အမေကို ထပ်ပြောလိုက်ပါတယ်။

သူ့အမေက ကျွန်မကို ပွေ့ဖတ်ပြီး ကြိုဆိုလာခဲ့ပါတယ်။ ကျွန်မကဘဲ Perry ကို ပျော်ရွှင်အောင်လုပ်နိုင်တယ်လို့ သူမကပြောခဲ့ပါတယ်။

သူမရဲ့ မိသားစုဝင်အဖြစ် ကျွန်မကို လက်ခံနိုင်ခဲ့တဲ့အတွက်ကြောင့် ကျွန်မ စိတ်အေးခဲ့ရပါတယ်။ သိပ်မကြာသေးခင်အချိန်မှာဘဲ Perry ကကျွန်မရဲ့သားတွေ မြေးတွေနဲ့တွေ့ဆုံလာခဲ့ပါတယ်။

သူတို့‌တွေ သဘောမတူတာတို့ မရှိပါဘူးလို့ Sharon ပြောခဲ့ပါတယ်။ အခုဆိုရင် ၎င်းတို့ စုံတွဲ နှစ်ဦးက ရက်တွေချိန်းပြီး ဒီနှစ်မှာ လက်ထပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *