ကောကရိတ်မြို့တွင် ဆန္ဒပြပြည်သူများကို ဖြိုးခွင်းရန်ပြင်ဆင်နေတဲ့ ရဲတပ်ဖွဲနှင့် KNLA တို့ထိပ်တိုက်တွေ့မည့် အခြေနေ

ကောကရိတ်မြို့တွင် ဆန္ဒပြပြည်သူများကို ဖြိုးခွင်းရန်ပြင်ဆင်နေတဲ့ ရဲတပ်ဖွဲနှင့် KNLA တို့ထိပ်တိုက်တွေ့မည့် အခြေနေ

စာဖတ် ပရိတ်သတ်ကြီးရေ ဆန္ဒထုတ်ဖေါ်သူတွေကို ဖြိုခွဲဖို့အသင့်စောင့်နေတဲ့ အာဏာ သိမ်းစစ်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကိုကာကွယ်ပေးဖို့ အသင့်ရှိနေတဲ့

ကရင်အမျိုးသားလွတ် မြောက်ရေးတပ် မတော် (KNLA) တို့ ထိပ် တိုက်တွေ့မည့် အ ခြေအနေ ကော့ကရိတ်မြို့တွင်ဖြစ်ပွားခဲ့။

ယနေ့ မနက် ကော့ကရိတ်မြို့မှာ စစ် အာ ဏာရှင် တိုက်ဖျက်ရေး ဆန္ဒထုတ်ဖေါ်သူတွေကို လူစုခွဲဖို့၊ မြို့ထဲမဝင်ဖို့အတွက် စစ်တပ် ထွေအုပ် နဲ့ ရဲ တို့မှ လာရောက်တားမြစ်ခဲ့တာ တွေ့ရကြောင်း KNU ဘက်က သတင်းထုတ်ပြန်လာပါတယ်။

ဆန္ဒထုတ်ဖေါ်သူတွေကို ယနေ့မှာ မြို့ထဲပေးမဝင်တော့ပဲ နောက်နေ့တွေမှာလဲ ဆန္ဒထုတ်ဖေါ်တာတွေ မပြုလုပ်ကြတော့ဖို့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) မှ ဒု ဗိုလ်မှူး ကြီးကျော်စွာမျိုး မြို့နယ်ရဲတပ်ဖွဲ့မှူး ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆန်းနုတို့မှ လာရောက်တာမြစ်ခဲ့ပြီး

ဆန္ဒထုတ်ဖေါ်တဲ့သူတွေ မြို့ထဲ ဝင်မယ်ဆိုပါက ဖြိုခွဲရန် အသင့်ပြင်ထားတဲ့ ရေကား လက်နက်ကိုင်ဆောင်ထားတဲ့ ရဲ စစ်တပ် အင် အား (၅၀) ခန့်က အသင့်ပြင်ထားတာကို တွေ့ရပါတယ်။

ကေအဲန်ယူ တပ်မဟာ (၆) မှ ကရင်အ မျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များကလည်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းပါက ပြည်သူလူထုကို အကာအကွယ်ပေးဖို့အ တွက် အသင့် အနေအထားနဲ့ ရှိနေခဲ့တာကို တွေ့ရပါတယ်။

ဆန္ဒ ထုတ်ဖေါ်တဲ့ပြည်သူတွေကလည်း ထိပ်တိုက်တွေ့မူကို ရှောင်တဲ့အနေ နဲ့ ချောင်းတောင်ရပ်ကွက်ကနေ အာရှလမ်းမပေါ်တက်ပြီး မြို့နယ် နှစ်သစ်ကူးကွင်းအထိ ချီတက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်လာခဲ့ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်အာဏာရှင် တိုက်ဖျက်ရေး ဆန္ဒထုတ်ဖေါ်မှုပြုလုပ်နေတာ ယနေ့ နဲ့ဆိုလျှင် (၉) ရက်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကောကရိတ်မြို့ရှိ အာရှလမ်းမကြီးရဲ့ တစ်ဘက်ကတော့ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ (၆) ဖြစ်ပါတယ်။

ကော့ကရိတ်မြို့မှာ နေ့စဉ်ပြုလုပ်နေတဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးဆန္ဒထုတ်ဖေါ်မှုမှာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲက ပြည်သူတွေ အများအပြားပါဝင်လာပြီး ငြိမ်းချမ်းစွာ

ဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်လာပါက ကရင်အမျိုးသား လွတ်မြောက် ရေး တပ် မတော် (KNLA) မှ အကာအကွယ်ပေးဖို့ အသင့်အနေအထားရှိနေတာကို တွေ့ရပါတယ်။

စစ်အာဏာ သိမ်းယူမှုအား တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး၏ အကြမ်းမဖက်ပဲ ဆန္ဒထုတ်ဖေါ်ဆန့်ကျင်မှုများကို ကေအဲန်ယူ မှ ထောက်ခံအားပေးပြီး အကူအညီ

အကာအကွယ်ပေးသွားမည် ဖြစ်ကြောင်း ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *