ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှ မြန်မာ့အရေးနှင့် ပတ်သက်သော ကြေငြာချက် ထွက်ပေါ်လာခဲ့

ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီမှ မြန်မာ့အရေးနှင့် ပတ်သက်သော ကြေငြာချက် ထွက်ပေါ်လာခဲ့

ကဲ စာဖတ်ပရိတ်သတ်ကြီးရေ “ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထားသူများကို ချက်ချင်း အမြန်ဆုံးလွှတ်ဖို့ ကုလ လူ့အခွင့်အရေးကောင်စီ တညီ တညွတ်တည်းဆုံးဖြတ်” ဗြိတိန်နဲ့  ဥရောပသမဂ္ဂတို့ ပူးတွဲ ရေးဆွဲထားတဲ့ မြန်မာပြည်ဆိုင် ရာ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ထောက်ခံမဲတွေနဲ့ အတည်ပြု လိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အခြား ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ချက်ချင်း လွှတ်ပေးဖို့၊ အရေးပေါ် အခြေအနေ ကြေညာထားတာကို ချက်ချင်း ရုတ်သိမ်းပေးဖို့ ဆုံးဖြတ်လိုက် ပါတယ်။

ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင် စီမှာ မြန်မာ ကိုယ်စားလှယ်ဖြစ်သူ ဦးမြင့်သူက လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ထိပ်သီးအဖွဲ့ဝင်တွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ ဆိုပါတယ်။

ဒီဆုံးဖြတ် ချက်ဟာ အဖွဲ့ဝင် (၄၇) နိုင်ငံစလုံး သဘော တူညီချက်နဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ အခွင့်အာဏာမရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အကြီးအကျယ် တွန်းအားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာပြည်က အာဏာသိမ်း စစ်တပ်အပေါ် အ ရေးယူဒဏ် ခတ်မှု စတင်ပြီး တစ်ရက်အကြာမှာ လူ့အခွင့် အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ထွက်လာခဲ့တာဖြစ်ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *