ကုန်စိမ်းရောင်းတဲ့ဘဝကနေ (သိန်းပေါင်း လေးသောင်းကျော်) လှူနိုင်တဲ့အထိ ကြိုးစားနိုင်ခဲ့လို့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံရသူ

ကုန်စိမ်းရောင်းတဲ့ဘဝကနေ (သိန်းပေါင်း လေးသောင်းကျော်) လှူနိုင်တဲ့အထိ ကြိုးစားနိုင်ခဲ့လို့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံရသူ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သာသနာတော် ဆိုင်ရာအမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့်ကို မိုးကောင်းမြို့မှ အမျိုးသမီးတစ်ဦး ချီးမြှင့်ခံရကြောင်း ယမန်နေ့ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့က နိုင်ငံပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်ကြေငြာလာခဲ့ပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်နေ မနောဧကရီနှင့် မြို့ပြ ရွှေပြည်ကုမ္ပဏီတို့ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်မြင့်ဦးကို နိုင်ငံတော်မှ ချီးမြှင့်တဲ့ သာသ နာတော် ဆိုင်ရာအမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ကို အပ်နှင်းဂုဏ်ပြုခြင်းခံရကြောင်း ဇန်န ဝါရီလ (၄) ရက်နေ့က နိုင်ငံပိုင် သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်ပြန်ကြေငြာလာခဲ့ပါတယ်။

အန်တီတို့က ဘဝကို အောက်ခြေကစခဲ့ရတာပါ။ အိမ်ထောင်ထူကာစက အန်တီ အမျိုး သားက ဆိုက္ကားနင်းပြီး အန်တီက ကုန်စိမ်းရောင်းပြီး ဘဝကိုစခဲ့ရတာပါ။

တစ်ဆင့်ပြီး တစ်ဆင့်ကြိုးစားရင်း ခုတော့ လုပ်ငန်းအများအပြားက မြန်မာပြည်အနှံ့ ခြေဆန့်နိုင်ခဲ့ပြီး ရလာတဲ့အမြတ်ငွေထဲက ကျောင်းဆောက် ဘုရားတည် အလှူဒါန အသီးသီးပြုလုပ်ခဲ့ကြပါတယ်။ ခုလိုဘွဲ့ထူးချီးမြှင့်ခံရတာ အထူးအထူးပဲ ဝမ်းသာမိတယ်။ အရမ်းလဲပျော်ရပါတယ်။ ပီတိမျက်ရည်များလဲ ကျခဲ့ရပါတယ်။

တစ်မူးရလို့ တစ်ပဲလှူ ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလားဆိုတဲ့ အတိုင်းဘဲ မိုးပေါ်ကကျလာတဲ့ မိုးရေပေါက်တွေက ကျပါများလာတော့ ရေပုံး ရေအိုးထဲပြည့်လျှံရသလို အလှူဒါနတွေကလဲ တစ်ဖြည်းဖြည်း တစ်စိမ့်စိမ့် လှူလာရင်းနဲ့ ဒါနကုသိုလ်တွေများလာခဲ့ရပါတယ်။

၎င်း ဘွဲ့က အန်တီ့ဘဝရဲ့ သမိုင်းမှတ်တမ်းမှတ်တိုင်လေးတစ်ခုလေးဖြစ်လို့ အရမ်းအရမ်းပျော်ခဲ့တာပေါ့။

သွားလေသူကြီးလဲ ရောက်ရှိရာ ဘုံကနေအပြုံးပီတိတွေနဲ့ကြည့်နေမှာပါ သိနေမှာပါဟု သာသနာတော်ဆိုင်ရာအမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ရ ဒေါ်ခင်မြင့်ဦးက ပြောပြလာခဲ့ပါတယ်။

၎င်း အလှူရှင်က နေရာဌာနအသီးသီးတွင် ငွေကျပ် သိန်းပေါင်း လေးသောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် (၂၀၁၉) ခုနှစ်ကလည်း သီဟသုဓမ္မသိင်္ဂီဘွဲ့ကို နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်ခဲ့ပြီးကြောင်း သိခဲ့ရပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *