ကိုယ့်ရဲ့ ကလေးတွေ ကျောင်း မအပ်ရလို့ ဝမ်းမ နည်းပါနဲ့ တချို့ မိဘတွေမှာ ကျောင်း အပ်စရာ ကလေးတွေ မရှိကြတော့ဘူး

ကိုယ့်ရဲ့ ကလေးတွေ ကျောင်း မအပ်ရလို့ ဝမ်းမ နည်းပါနဲ့ တချို့ မိဘတွေမှာ ကျောင်း အပ်စရာ ကလေးတွေ မရှိကြတော့ဘူး

ယခု ပြောပြပေး ချင်တာကတော့ ကျောင်းတက် ချင်နေ ကြသူတွေနဲ့ ကျောင်းကို အတင်းလိုက် ပို့ ပေးနေတဲ့ မိ ဘ များကို ပြည်သူ တွေကမှာ ကြား ချင်တဲ့ စကား လေးတွေပဲ ဖြစ်ပါတယ်။ ကျောင်းတက်လို သူများကို မတားပါ။

သို့ပေမယ့် တစ်နိုင်ငံလုံး အေးချမ်းပြီး လွတ်လပ် အောင် ကြိုးစား အားထုတ် ပေးနေကြတဲ့ ပြည် သူ များနဲ့ အသက်ပေးခဲ့ကြရတဲ့ သူ ရဲ ကောင်း များကိုတော့လေးစားသင့် တယ်လို့ ထင်ပါတယ်။

ကျနော်တို့တွေ တိုက် နေတဲ့ တိုက် ပွဲ နိုင်တဲ့အခါ ခင်ဗျားတို့ပါ လွတ်လပ်မှုကို ခံစားရမှာပါ အဲ့ဒီအချိန် ကျော င်းတက်နေ ကြတဲ့သူများနဲ့ ကျောင်းကို အ တင်းလိုက်ပို့နေကြတဲ့ မိဘများအားလုံး လိပ်ပြာ သန့်ကြပါစေ။

တော် လှန် ရေး ကြီး ပြီးတဲ့အခါ သူ ငယ်ချင်းတွေ စုပြီး ငါကတော့ ဘယ်နေ့တုန်းက ဘယ်သပိတ်မှာ ဘယ်နေ့ကစပြီး CDM ဝင်တာအကုန်လုံးစုပြီး ပြန်ပြောပြ နေကြချိန် ယခုကျော င်းတက်နေသူများ ကျနော်တို့နဲ့ အတူ လိပ်ပြာလုံလုံနဲ့ လာထိုင်နိုင် ကြပါစေ။

ကျောင်းသွားဖို့ ခေါ င်းဖြီးနေချိန် ခေါင်းပွင့်အောင် ပစ်ခံရတဲ့ သူတွေကို သတိရပါ။ ကျောင်းဝတ်စုံ လေးတွေ ဝတ်နေချိန် ပိတ်စ အဖြူကြီး တစ်ကိုယ်လုံး ပိတ်ထားခံရတဲ့ အခြားသူ တစ်ယောက်ရဲ့ နာရေး ကိုလဲ မြင်ယောင် ကြည့်ပါ။

မျက်နှာမှာ သနပ်ခါး ပါးကွက်ကြားနဲ့ မိတ်ကပ် လေးတွေ လိမ်းထားချိန်မှာ ဖုန် တွေ ကြားထဲ အသက်လုကာ ပြေးလွှား နေရတဲ့ ကလေးငယ်လေး တွေကို မျက်လုံးထဲ မြင်ယော င်ကြည့်ပါ။ ကျောပိုးအိတ်လေး လွယ်ထားချိန်သွေး ယိုစီးကျနေတဲ့ လူကို ထမ်းပိုးပြီး ဘေးလွ တ်ရာ ပြေးနေကြရတဲ့ လူတစ်စုကို သတိရပေးပါ။

ကျောင်းဝန်းထဲ ဝင်တဲ့အခါ အိမ်ပေါက်ဝမှာ သခင် ပြန်အလာကို စောင့်မျှော် နေကြတဲ့ခွေးတေလေးတွေ ကြောင်လေး တွေကို သတိရပေးပါ။ စာသင်ခန်းထဲ အေးဆေးလေး ထိုင်နေကြချိန် ပေတရာပေါ်က ပြေးလွှား အော်ဟစ် ငိုကြွေးနေတဲ့ အသံတွေကို ကြားယောင်ပေးပါ။

အတန်းထဲ ” မင်္ဂလာပါ ” လို့ နှုတ်ဆက်နေချိန် ပြည် သူ တွေရဲ့ သံချပ် အသံတွေကို ကြားယော င်ကြည့်ပါ။ စာအုပ်ထုတ်ပြီး စာသင်တဲ့အခါ အမှောင် နံရံတွေကြား ကုတ်ကုတ်လေး ထိုင်နေရတဲ့ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသား လေးတစ်ချို့ကို သတိရပေးပါ။

သင်္ချာ ပုစ္ဆာတွေ အဖြေထုတ်နေချိန် မတရား ဖမ်းခံထားရတဲ့ လူပေါင်း ၇၀၀ ကျော် ဘယ်တော့မှ ပြန်မလာ နိုင်တဲ့အကြောင်းကို တွေးကြည့်ပေးပါ။ ဖတ်ပြီးတဲ့ အချိန်မှာတော င် ကျောင်းတက် ချင်နေသေးရင် တက်ပါ။ ကျနော်တို့ မတားလိုပါ။

အသက် ဆုံး ရှုံး သွားခဲ့ကြတဲ့ လူ ၇၀၀ ကျော်က မင်းတို့ကို ပြုံးပြီး ကြည့်နေတယ်။ ကျနော်တို့ နိုင် ငံ ကြီး အမြန်ဆုံး အေးချ မ်း လွတ်လပ် ပါစေဗျာ။ မူရင်း ရေးသားသူ အား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *