ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့ အမေက မွေးထုတ်ပေးလိုက်တာဆိုပြီး ခံပြင်းစွာနဲ့ ပြောလာခဲ့တဲ့ ယွန်းဝတီလွင်မိုး

ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့ အမေက မွေးထုတ်ပေးလိုက်တာဆိုပြီး ခံပြင်းစွာနဲ့ ပြောလာခဲ့တဲ့ ယွန်းဝတီလွင်မိုး

သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ပြည်ပနိုင်ငံတွင် ပညာသင်ကြား နေတာကြောင့်ဘဲ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေတဲ့

လူထု လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်မပါဝင် ရတဲ့အတွက် စိတ်မကောင်း ဖြစ်နေတာပါ ။

ဒါပေမယ့်လည်း ဩစတေးလျသို့ ရောက်ရှိနေတဲ့ ပြည်သူများ နဲ့ ကျရာအခန်း ကဏ္ဍကနေ တာဝန်ကျေပွန်စွာ လုပ်ဆောင် နေတာပါနော် ။

တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေရုံတင်မကဘဲ လူမှုကွန်ယက်များမှာလည်းသတင်းအချက်အလက်တွေကိုအချိန်နဲ့တစ်ပြေးညီတင်ပေးနေတာလည်း ဖြစ်ပါတယ်နော် ။

သူမရဲ့ Twitter အကောင့်ကနေ တစ်ဆင့်လည်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံ တကာမှသိရှိနိုင်အောင် ဝေမျှပေးနေတာပါနော် ။

အသက်ငယ်ပေမယ့်လည်း နိုင်ငံ့အရေးအတွက်တက်ကြွစွာပါဝင်ပေးနေတဲ့ ခေးလေးကို ပရိသတ်တွေကလည်း ချီးကျူးနေ ကြတာပါ ။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ခေးလေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ကိုယ့်နိုင်ငံကိုပြန်

ကယ်တင်ဖို့အတွက်မိခင်ဖြစ်သူက မွေးထုတ်ပေးလိုက်တယ်လို့မှတ်ယူလိုက်ကြောင်းပြောပြလာတာပဲ ဖြစ်ပါတယ်နေ ာ်။

သူမက ” ရင်နာတယ် ။ စိတ်နာတယ် ။ မျက်ရည်များစွာကျရတယ် ။ ဒါပေမယ့်၊အ+_ကြမ်း+_ဖက်သမားတွေ မြန်မာပြည်ကြီးမှာရှိနေသ၍လုံးဝ လုံးဝအရှုံးမပေးဘူး ။

ခွန်အားတွေလုံးဝမလျော့သွားဘူး ။ မြန်မာပြည်ကြီး Democracy ရပြီးတဲ့နောက်၊တိုက်ပွဲကြီးနိုင်ပြီးရင်တောင် ဒီမှာတင်မရပ်ပါဘူး ။

Social punishment ဆက်လုပ်မယ် ။ ဒီတစ်သက်တော့ ကိုယ့်နိုင်ငံကိုပြန် ကယ်တင်ဖို့ အမေမွေးလာတာလို့ပဲ မှတ်လိုက်ပါပြီ ။

YWLM.” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိတ်သတ်တွေ အတွက် တင်ဆက်ပေး လိုက်ရပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *