ကိုဗစ် ၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက် (၁၀) သိန်းကျပ်တိတိကို လှူဒါန်းလာခဲ့တဲ့ ထိပ်ထားသခင်

ကိုဗစ် ၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက် (၁၀) သိန်းကျပ်တိတိကို လှူဒါန်းလာခဲ့တဲ့ ထိပ်ထားသခင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ် ဆောင် ဖွေးဖွေးနဲ့တူတယ်ဆိုပြီး ပရိတ်သတ်တွေကြား နာမည်ကြီးလာခဲ့တဲ့ ကလေးလေး ထိပ်ထားသခင်ဟာ အရွယ်လေးနဲ့ မလိုက်အောင် ချစ်စရာကောင်းပြီး စကားတတ် လွန်းတာကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ထိပ်ထား သခင်ကတော့ အခုဆိုရင် (၆) နှစ်ကျော်အရွယ်လေးသာရှိသေးပေမယ့် ကြေ ာ်ငြာတွေနဲ့ ရုပ်ရှင် ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ကလေး သရုပ် ဆောင်တစ်ယောက်ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေကလည်း အရမ်း ချစ်စရာကောင်းလွန်းတဲ့ ထိပ်ထား သခင်ကို ကိုယ့်သမီးလေးလို ကိုယ့်တူမလေးလို ချစ်ပြီး အားပေးကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ထိပ်ထားသခင်ဟာ သူမရဲ့ အနုပညာကြေးတွေနဲ့ ဖေဖေ မေမေရဲ့ ပိုက်ဆံတွေစုပြီး အလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

ထိပ်ထားသခင်က Covid-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ အတွက် ထိပ်ထားတက်နိုင်သလောက်‌ တဖက်တလမ်းကလေ အလှူငွေ (၁၀) သိန်းကျပ် တိတိကို CB Bank မှတစ်ဆင့် သွားရောက် လှူဒါန်းလာခဲ့ပါတယ်။

ထိပ်ထားကိုချစ်တဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာဓုခေါ်ပေးကြပါဦးနော်ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေလာခဲ့ပါတယ်။

ထိပ်ထားသခင်လေးဟာ ခုလက်ရှိ တစ်နိုင်ငံလုံးက ပြည်သူတွေအတွက် လိုအပ်နေတဲ့ Covid-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေအတွက် အလှူငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ထိပ်ထားသခင်လေးရဲ့ မွန် မြတ်လှတဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။

ဖတ်ရှုအားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ် နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်း ပေး လိုက်ပါတယ် ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *