ကိုဗစ် လူနာတွေအတွက် ၁၆ သိန်းတန် အောက်စီဂျင်စက် အလုံး ၃၀ ကိုလှူဒါန်းရန် ပြောလာခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

ကိုဗစ် လူနာတွေအတွက် ၁၆ သိန်းတန် အောက်စီဂျင်စက် အလုံး ၃၀ ကိုလှူဒါန်းရန် ပြောလာခဲ့တဲ့ သရုပ် ဆောင် ခိုင်နှင်းဝေ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ခိုင်နှင်းဝေတော့ အနုပညာ လုပ်ငန်းအပြင် သူမ ကိုယ် တိုင် ဦးစီးပြီး ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာကို သူမရဲ့ အဖွဲ့ သားများနဲ့ကြိုးစား ဖွင့်လှစ်ထားပါတယ်။

ကလေးများရဲ့ မေမေလို့ အများက ခေါ်ကြတဲ့ သရုပ် ဆောင် ခိုင်နှင်းဝေကတော့ အခက် အခဲဖြစ်နေတဲ့ က လေးငယ်များကို ခေါ်ယူပြီး သူမရဲ့ ဂေဟာလေးမှာ နေခွင့်ပြု၊

သူမ ကိုယ်တိုင် ပြုစု စောင့်ရှောင့်ပေးနေပါတယ်။ ကလေးငယ်တွေ များလာတဲ့အတွက်ကြောင့်လဲ ဂေဟာအသစ်လေးကို ဆောက်လုပ်နေတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ဂေဟာ ဖွင့်ထားတဲ့ အပြင်ကို သူမကိုယ်တိုင် အလှူငွေ ကောက်ခံပြီး ပရဟိတ လုပ်ငန်းတွေမှာလဲပါဝင် ကူညီ လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ရောဂါနဲ့ ပတ်သတ်ပြီးတော့လဲ အောက်ဆီဂျင်တွေ လိုအပ်နေရတာကြောင့် ခိုင်နှင်း ဝေက အလှူငွေတွေ ကောက်ခံတဲ့အပြင် သူမကိုယ် တိုင် လှူဒါန်းပေးနေတာလဲ တွေ့ရပါတယ်။

ယခု တစ် ခါမှာလဲ အောက်ဆီဂျင် စက်လှူဒါန်းပေးမယ့် အ ကြောင်းကို အခုလို ပြောကြားလာပါတယ်။

ခိုင်နှင်းဝေက အောက်ဆီဂျင်စက် အလုံး ၃၀ ထပ်မှာပြီးပါပြီ ရှင်။ ၂ ယောက်ရှူ ၁၀ လီတာ စက်တွေပါ။ တလုံးကို ၁၆ သိန်းဝန်းကျင် ဖြစ်ပြီး သိန်း ၅၀၀ ဝန်းကျင်ခန့် ကျပါတယ်ရှင်။

၂၅ ရက်နေ့နောက်ဆုံး ရောက်ပါမယ်။ ကျမ အပါ အဝင် အားလုံးလဲ ကြိုးစားပေးနေကြတာမို့ အားတင်း

ထားကြပါဦးနော် ဆိုပြီးတော့ သူမ လှူဒါန်းပေးမယ့် အကြောင့်ကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသား ဖော်ပြလာခဲ့ပါတယ်။

ပြည်သူတွေ အားလုံးလဲ ဒီရောဂါကပ်ဆိုးကြီးကနေ အမြန်ဆုံး သက်သာ ပျောက်ကင်းပြီး အေးချမ်းတဲ့ နေ

လေး အမြန် ရောက်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက် ပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *