ကိုဗစ် ရောဂါနဲ့ ကွယ်လွန်သွားတဲ့ မိခင်အတွက် နောက်ဆုံးစာလေး တစ်စောင် ရေးသားခဲ့တဲ့ အဆိုတော် တင်ဇာမော် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကိုဗစ် ရောဂါနဲ့ ကွယ်လွန်သွားတဲ့ မိခင် အတွက် နောက်ဆုံး စာလေး တစ်စောင် ရေးသားခဲ့တဲ့ အဆို တော် တင်ဇာမော်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ အနုပညာ လောက မှာ ဝါရင့် အဆိုတော် တစ်ဦး အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ အဆိုတော် တင်ဇာမော်ကို မသိတဲ့သူ မရှိသလောက်ပါပဲ။

ကံမကောင်းစွာနဲ့ပဲ အဆိုတော် တင်ဇာမော် ရဲ့ မိခင်ဖြစ်သူက ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပြီး ခု လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်မှာ ဘဝ တစ်ပါးကို ကူးပြောင်းသွားခဲ့ပါတယ်။

မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း အဆိုတော် တင်ဇာမော် ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါကို စတင်ပြီး ခံစားနေရတယ်လို့ သိရပါတယ်။

အဆိုတော် တင်ဇာမော်က ကွယ်လွန် သွားတဲ့ မိခင်အတွက် စိတ်မကောင်းဖြစ်နေပြီး စာလေး တစ်စောင် ရေးတင်လာခဲ့ပါတယ်။

“မေမေရေ… ဒီဘဝ ခဏ အခိုက် အတန့်လေးမှာ ဒီခန္ဓာကို အသုံးပြုပြီး အကောင်းဆုံးတွေ မေမေကြိုး စားလုပ်ဆောင်‌လို့ အဖက် ဖက်က တာဝန်‌တွေ

ကြေခဲ့ပြီမို့ မေမေ နောက်ဆံ မတင်းပဲ သံသရာ ခရီးကို ဖြောင့်ဖြောင့် ဆက်ထွက်ပါနော်….

သမီး မေမေ့ကို တရားနဲ့ ယှဉ်ပြီး ချစ်တယ်နော်….

သမီး အချစ်နဲ့ မေမေ့ကို မပူလောင်စေရဘူးနော်…

အချိန် ရောက်ရင် အားလုံးသွားမယ့် ခရီးကို မေမေသွားရမှာမို့ ပြုခဲ့သမျှ ဒါန သီလ ဘာဝနာ ကောင်းမှူကုသိုလ်တွေ အားလုံးကို အာရုံပြုထားနော်..

ဗိမ္မာန်လည်း မေမေ့အတွက် ပေါက်ပြီးသားနော်… ”လို့ … မေမေကို အနားမှာ ကပ်ပြီး တောက်လျှောက်

ပြောပေးနိုင်ခဲ့လို့ မေမေ ကောင်းရာ ဘုံဘဝကို ကူး ပြောင်း သွားပြီလို့ သမီး ယုံကြည်တယ် မေမေ။

မေမေ အခါခါ ပြောခဲ့ဖူးတဲ့ ဆန္ဒတွေ အတိုင်းလည်း မေမေ့ရဲ့ ရုပ်ခန္ဓာ ကို သမီးကိုယ်တိုင် နှုတ်ဆက်

ပို့ ဆောင်ခဲ့ပါပြီ မေမေ ” လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရေးသား ထားခဲ့ပါတယ်။

ပရိတ်သတ်ကြီး အားလုံးလည်း စာဖတ်ပြီး စိတ်မကောင်းဖြစ်နေကြတဲ့ အပြင် မိခင်ဖြစ်သူ ကောင်းရာ ဘုံဘဝ ရောက်ဖို့ ဆန္ဒပြုခဲ့ ကြပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *