ကို ဗစ် ကာ ကွယ် ဆေးတွေ ရောက်လာ ခဲ့ပေမယ့် ဖခင်ကို ထိုးပေးခွင့် မရှိတော့တဲ့ အဖြစ်ကြောင့် ရင်နဲ့အမျှ ခံစားနေရကြောင်း ပြောပြလာတဲ့ ညီနန္ဒ

ကိုဗစ် ကာကွယ်ဆေးတွေ ရောက်လာခဲ့ပေမယ့် ဖခင်ကိုထိုးပေးခွင့် မရှိတော့တဲ့ အဖြစ်ကြောင့် ရင်နဲ့အမျှ ခံစားနေရကြောင်း ပြောပြလာတဲ့ ညီနန္ဒ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ညီနန္ဒက လက်ရှိ ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူ တစ်ဦးဖြစ်တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရား စွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတဲ့ အ တွက် ဖခင်ရဲ့ နောက်ဆုံး အခြေအနေမှာတောင် တွေ့ ဆုံခွင့်မရှိခဲ့တာကြောင့် ဖြေမဆည်နိုင်အောင် ဝမ်းနည် းနေရတာ ဖြစ်ပါတယ်။

ဖခင်နဲ့ ပတ်သက်ပြီး ခံစားနေရတာတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှ တစ်ဆင့်  ရင်ဖွင် ရေးသားနေတာပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းကလည်းညီနန္ဒရဲ့ Facebook အကောင့်တွင် ကာကွယ်ဆေးတွေ ရောက်လာခဲ့ပေမယ့် ဖခင်ကိုထိုးပေးခွင့် မရှိတော့တဲ့ အဖြစ်ကြောင့် ရင်နဲ့အမျှ ခံစားနေကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ဖခင်က ကျန်းမာရေး ကောင်းမွန်သူ တစ်ဦးဖြစ်ပြီး အခုလို ကိုဗစ်ရောဂါနဲ့ အသက် ဆုံးရှုံးသွားရလိမ့်မယ်လို့ တစ်ခါမှ တွေးမထားမိကြောင်း ရေးသားထားပါတယ်။

ပရိတ်သတ်တွေကလည်း ညီနန္ဒ ရေးထားတာကို ဖတ်ပြီး သူ့အတွက် စိတ်မကောင်း ဖြစ်နေကြတာပါ။

ပြည်သူတွေနဲ့ အတူ အမှန်တရား ဘက်ကနေ ရပ်တည်ပေးကြတဲ့ အနုပညာရှင်တိုင်းက သူတို့ရဲ့ မိသားစုဝင်များကို စွန့် ခွာပြီး အဝေးတစ်နေရာမှာ ဒုက္ခများစွာနဲ့နေထိုင်နေကြရတာ ဖြစ်ပါတယ်။

မိသားစုဝင်များ ကွယ်လွန် သွားတာတောင် လာတွေ့ခွင့်မရတဲ့ ခံစားချက်က အတော်လေးကို ဝမ်းနည်းစရာ ကောင်းလှပါတယ်။

အခြေ အနေ အရပ်ရပ်ကြောင့် ကွဲကွာနေကြရတဲ့မိသားစုများအားလုံး အမြန်ဆုံး ပြန်လည် ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီသတင်းကို ပြန်လည် တင်ဆက်ပေးလိုက် ရပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *