ကိုဗစ်ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန်ငွေကြေးစိုက်ထုတ်မည်ဟု ဦးဇော်ဇော်ပြောကြား

ကိုဗစ်ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန်ငွေကြေးစိုက်ထုတ်မည်ဟု ဦးဇော်ဇော်ပြောကြား

ကဲ ပရိတ်သတ်ကြီးရေ ကိုဗစ် ရောဂါကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် အကျိုးအမြတ်မယူဘဲ ငွေကြေးစိုက်ထုတ်ပြီး အစိုးရရဲ့ လမ်းညွှန်စီမံမှုအောက်တွင် ဆောင်ရွက်သွားမည်ဟု ဦးဇော်ဇော်က ပြောကြားလာခဲ့ပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံး ထိုးနှံနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့်သော် လည်းကောင်း လုပ်ငန်းရှင်များအားလုံးနှင့် ပူးပေါင်း၍ သော်လည်း ကောင်း အကျိုး အမြတ် မယူဘဲ ငွေကြေးစိုက်ထုတ်ပြီး နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်စီမံမှုအောက်တွင် စနစ်တကျ ဆက်လက် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း (၂၀၂၀) ခုနှစ်အတွင်း ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဆောင်ရွက်မှု အစီရင်ခံစာတွင် ဥက္ကဌ ဦးဇော်ဇော်က ထည့်သွင်းပြောကြားလာခဲ့ပါတယ်။

တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်‌တွေ ပေါင်းစပ်ကြိုးပမ်းခဲ့မှုနဲ့အတူ ဧရာဝတီစင်တာအနေနဲ့ ကိုဗစ်လူနာပေါင်း (၁၀,၀၀၀) ကျော်ကို လက်ခံ ကုသ ပေးနိုင်ခဲ့ပြီး (၂၀,၀၀၀) ကျော်ကို ပိုးရှိမရှိ စစ်ဆေးပေးနိုင်ခဲ့ပါတယ်ဟု ဦးဇော်ဇော်က ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရေးသား ဖော်ပြလာခဲ့ပါတယ်။

ဧရာဝတီ ဖောင်ဒေးရှင်းအနေဖြင့် ပထမလှိုင်းအတွင်း ကြိုတင်ကာကွယ်ရေး ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီး အခြားတစ်ဖက်တွင်လည်း ပရဟိတကျောင်းနှင့် ဘိုးဘွားရိပ်သာများ စစ်ဘေးရှောင်စခန်းများအတွက်ပါ စား နပ်ရိက္ခာနှင့် လိုအပ်တဲ့ အထောက်အပံ့များ ပံ့ပိုး ကူညီပေးခဲ့ကြောင်း သိရတယ်။

ကိုဗစ်ရောဂါ ဒုတိယလှိုင်းအတွင်း ကျန်း မာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု ဧရာဝတီဖောင်ဒေးရှင်ရဲ့ ဦးဆောင်မှုဖြင့် ICU ၊ HDU နှင့် Test & Care Centre များ ပါဝင်သော ရန်ကုန်တွင် ခုတင် (၁,၀၀၀) ဆံ့ မန္တလေးတွင် ခုတင် (၃၇၅) ဆံ့ ကုသရေးဌာနများကိုလည်း တည်ဆောက် ပံ့ပိုးကူညီပေးလျက် ရှိကြောင်းလည်း သိရပါတယ်။

ယခု အချိန်ထိ ကုသရေးဌာန များတွင် တက်ရောက်သူပေါင်း တစ်သောင်းကျော်ခန့်ကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အခြားလိုအပ်သော နေရာများတွင်လည်း ဆေးရုံသုံးပစ္စည်းများ ကာကွယ်ကုသရေးအသုံး အဆောင်များ အလှူငွေများကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း ကပ်ရောဂါကာ ကွယ်ရေး ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဧရာဝတီ ဖောင်ဒေးရှင်းနှင့် အလှူရှင်များ စုပေါင်းကာ ငွေကျပ်စုစုပေါင်း (၂၁.၂) ဘီလျံကျော်ဖြင့် မတည်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ် ခင်ဗျာ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *