ကိုဗစ်ရောဂါနဲ့ နမိုးနီးယားရောဂါကို တစ်ပြိုင်နက်တည်း ခံစားခဲ့ရပြီး ဘုရားမ ခဲ့လို့ အသက်ရှင်ခွင့် ပြန်ရခဲ့ကြောင်းပြောပြလာတဲ့ ကောင်းထက်ဇော်

ကိုဗစ်ရောဂါနဲ့ နမိုးနီးယားရောဂါကို တစ်ပြိုင်နက်တည်း ခံစားခဲ့ရပြီး ဘုရားမ ခဲ့လို့ အသက်ရှင်ခွင့် ပြန်ရခဲ့ကြောင်းပြောပြလာတဲ့ ကောင်းထက်ဇော်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အစီစဉ် တင်ဆက်သူ တွေများစွာရှိတဲ့ အနက်မှ အသံပါဝါ အားကောင်းကောင်းနဲ့ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ သူက အစီစဉ် တင်ဆက်သူ ကောင်းထက်ဇော် ပဲဖြစ်ပါတယ်။

ကောင်းထက်ဇော် ကဆိုရင် မိသားစုပြိုင်ပွဲ The Money Drop Myanmar (ငွေတွေဝင်) အစီအစဉ်ရဲ့ ပင်တိုင် အစီစဉ် တင်ဆက်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာစိုးရိမ် ကြောက်လန့် နေကြရပြီး တစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံး သူတွေလည်း များပြား နေတာဖြစ်ပါတယ်။

လူတန်းစား မရွေး ရောဂါ ကူးစက် ခံစားနေကြရတဲ့ အခုလို အချိန်မှာ ကောင်းထက်ဇော်က ကိုဗစ် 19 ရောဂါကပ်ဆိုးကြီး ကူးဆက်မှုကို ခံနေရတာပဲ ဖြစ်ပါတယ်။

ကိုဗစ် ကူးစက်ခံခဲ့ရပြီး အဆုတ်ရောင် ရောဂါကြောင့် ဆေးကုသမှု ခံယူနေရတဲ့ ကောင်းထက်ဇော်က ခုလက်ရှိ ကျန်းမာရေး အခြေ အနေပြန်လည် ကောင်း မွန်လာကြောင်း သိရပါတယ်။

“ကဲ အားလုံးချစ်တဲ့ ကောင်းထက်ဇော် ကျန်းမာရေး ကောင်းမွန်လျှက် ရှိပါကြောင်း” လို့ လူမှုကွန်ရက် က နေ“ ဘုရားမခဲ့လို့ အသက် ရှင်ခွင့် ပြန်ရခဲ့တယ်” ဆိုပြီး ကောင်းထက်ဇော် ကိုယ်တိုင် အသိပေးထားပါတယ်။

ကျန်းမာရေး ကောင်းမွန် လာပြီဖြစ်တဲ့ ကောင်းထက်ဇော်ရဲ့ အင် တာဗျူး ဗီဒီယိုလေးကို အခုလိုပဲ တစ်ဆင့် ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင် လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *