ကိုဗစ်ပျောက် သည်ဟူသော သတင်းတွေကြောင့်သုံးခွမြို့နယ် ရေကန်တစ်ကန်မှ ရေကိုလူအများလာရောက် သယ်ဆောင်နေကြ

ကိုဗစ်ပျောက် သည်ဟူသော သတင်းတွေကြောင့်သုံးခွမြို့နယ် ရေကန်တစ်ကန်မှ ရေကိုလူအများလာရောက် သယ်ဆောင်နေကြ

ပရိသတ်ကြီးရေ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့အတူ အောက်ဆီဂျင် လုံးဝမရတော့မယ့် အချိန်မှာ တမာ၊ ဂွေးတောက်နဲ့ ပင်စိမ်းဟာ လူနာနဲ့ လူနာရှင်တွေအတွက် ကောက်ရိုးတမျှင် ဖြစ်လာသလိုပါပဲ စစ်အာဏာရှင် အုပ်ချုပ်မှုအောက် ပျက်ယွင်းနေတဲ့

ကျန်းမာ ရေးယန္တရားမှာ ကိုဗစ်တတိ ယလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ရင် ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ အင်္ဂလိပ်ဆေးဝါးတွေအပြင် ကောင်းနိုးရာရာ နည်းလမ်းတွေကိုလည်း အချင်းချင်းလက် ဆင့်ကမ်းမျှဝေရင်း ကပ်ရောဂါကို အန်တုနေကြရတာပဲ ဖြစ်ပါတယ် ။

ဘယ်သူက အစပြုလိုက်တယ် မသိပေမယ့် လွန်ခဲ့တဲ့ (၁၅)ရက်ခန့်ကစလို့ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကျေး ရွာတခုကဘုန်းတော်ကြီးကျောင်းအတွင်းရှိ

ကန်ရေကိုသောက်ရင် ကိုဗစ်ရောဂါ ပျောက်ကင်းတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ် လာပါတယ် ။

အဲဒီသတင်းကြောင့်ပဲ သန်လျင်ကနေ ခရမ်း-သုံးခွကို သွားတဲ့ ကားလမ်းမကြီး ကနေခွဲထွက်ကာ လမ်းသွယ်လေးအတိုင်း (၁၀)မိနစ်ခန့်ကားမောင်းသွားရတဲ့ အဲဒီနေရာကို အနယ်နယ် အရပ်ရပ်က လူတွေ ရေပုံးကြီးငယ် အသွယ်သွယ်နဲ့ ရေလာခပ်လျှက် ရှိပါတယ် ။

တလမ်းမောင်းသာရှိတဲ့ အဲဒီလမ်းပိုင်းလေးမှာ ကားတွေ ရှောင်လို့မရတော့ သည်အထိ ဖြစ်လာတာကြောင့် ကားနဲ့သွားလာခြင်းကိုပင် ယခုအခါ ယာယီရပ်နားထား လိုက်ရတယ်လို့ သိရပါတယ် ။

ရေလာယူသူတွေကို ကူညီပေးနေတဲ့ ဒေသခံတဦးက ဦးတို့မွေးက တည်းကရှိနေတဲ့ ရေကန်ပါဘယ်ကစကြားတယ် မသိပါဘူး ။

ဒီကန်ရေကြောင့် ကိုဗစ်ပျောက် ကြတယ်ဆိုပြီး ပြီးခဲ့တဲ့ (၁၅) ရက်လောက်ကတည်းက အပြင်ကလူတွေ ရေလာသယ်ကြတာ ခုထိ လူမပြတ်ဘူး ဒီမနက်တောင်

လူတွေအရမ်းများနေလို့ ထပ်ရောက်မလာအောင် ခဏလမ်းပိတ်ထား ရတယ်လို့ ပြောပြပါတယ် ။

တကယ် ရောဂါပျောက်လား မပျောက်လားကိုတော့ သူ့အနေနဲ့ မျက်မြင်မဟုတ်လို့ သေချာမပြောပြတတ်ပေမယ့် ဒီရေကြောင့် ဝေဒနာခံစားနေရသူတွေ သက်

သာတယ် ကြားရတာ ဝမ်းသာတယ်လို့လည်း သူကဆိုပါတယ် ။

အဲဒီရေကန်ဟာ နွေရာသီရောက်တဲ့အခါ သောက်သုံးရေအတွက် ကျေးရွာနေပြည်သူတွေ မှီခိုနေရတဲ့ကန်ဖြစ်ပြီး အခုလိုလူစုလူဝေးနဲ့ အပြင်လူတွေပါ

ရေဆင်းခပ် နေမှုတွေကြောင့် ရေထုညစ် ညမ်းမှာစိုးလို့ ယခုအခါ ရွာသားတွေကိုယ်တိုင် စက်နဲ့မောင်း တင်ပြီး ရေရယူလိုသူတွေကိုကူညီပေးနေတာ တွေ့ရပါတယ်။ Crd

Tags:

Add a Comment

Your email address will not be published. Required fields are marked *