ကိုဗစ်ကူးစက်ခံရပြီး ကူညီမယ့်သူမရှိတာကြောင့် လိုအပ်တာတွေကိုယ်တိုင်ပြင်ဆင်ပြီး Q ဝင်နေကြရှာတဲ့ ညီအစ်ကိုနှစ်ယောက် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကိုဗစ်ကူးစက်ခံရပြီး ကူညီမယ့်သူမရှိတာကြောင့် လိုအပ်တာတွေကိုယ်တိုင်ပြင်ဆင်ပြီး Q ဝင်နေကြရှာတဲ့ ညီအစ်ကိုနှစ်ယောက်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်တွင်းရေးတွေ မငြိမ်သက်သေးတဲ့ အပြင် Covid 19 ကူးစက်ခံရမှုတွေကလည်း တစ်စတစ်စ မြင့်တက်လာပြီ ဖြစ်ပါတယ်။ ဖြစ်ပွားကူးစက်မှု မြန်ဆန်လွန်းတဲ့ ဗီဇပြောင်းကိုဗစ်ရောဂါဟာ ပြည်ပ နိုင်ငံတွေမှာ ဆိုးရွားနေသလို လတ်တလောမှာ မြန်မာနိုင်ငံအတွင်း ရောက်ရှိပြီး သေဆုံးလူနာတွေလည်း များပြားလာနေတာ တွေ့ရပါတယ်။

ဗီဇပြောင်း Covid 19 က ကလေးမြို့ အပြင် အခြား မြို့နယ်တွေ အသီးသီးမှာလည်း ပြန့်ပွားနေသလို မိသားစုတွေ တော်တော်များများ ဒုက္ခ အခက် အခဲတွေ ဖြစ်နေကြရပြီး အခုတစ်ခါမှာလည်း ရောဂါကူးစက်ခံရတဲ့ ကလေးငယ် ညီအစ်ကိုနှစ်ယောက်ကလည်း Q ဝင်ဖို့အတွက် ကိုယ်ထူ ကိုယ်ထပြင်ဆင်ခဲ့ကြရပါတယ်။

Covid 19 ကူးစက်ခံရတဲ့ တိုင်းရင်းသား ကလေးငယ် ညီအစ်ကို နှစ်ယောက်ရဲ့ မိဘနှစ်ပါးစလုံးလည်း ကူးစက်ခံထားရတာမို့ အနားမှာ ရှိမနေနိုင်သလို ကူညီမယ့်သူလည်း မရှိတာကြောင့် ညီအစ်ကို နှစ်ယောက် လိုအပ်တာတွေ ကိုယ်တိုင် ပြင်ဆင်ပြီး Q ဝင်နေကြရှာတာ ဖြစ်ပါတယ်။

အသက် ငယ်ရွယ်လွန်းပေမယ့် ကိုယ်တိုင် ပြင်ဆင်ပြီး အထုတ်ဆွဲကာ  Q ဝင်ရင်း ညီငယ်လေးကို ဂရုတစိုက်စောင့်ရှောက်နေတဲ့ ပုံရိပ်လေးတွေက တကယ်ကို ကရုဏ သက်စရာကောင်းလွန်းပါတယ်။

ရောဂါရဲ့ ထိုးနှက်မှုတွေကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီး အမြန်ဆုံး ပျောက်ကင်း သက်သာပြီး မိသားစုတွေ ကျန်းကျန်းမာမာနဲ့ ပြန်လည် ဆုံဆည်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ကလေးရေ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *