ကိုဗစ်ကူးစက်ခံထားရပေမယ့် အံတုပြီးရင်ဆိုင်နေတဲ့ သူမရဲ့လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ကိုဗစ်ကူးစက်ခံထားရပေမယ့် အံတုပြီးရင်ဆိုင်နေတဲ့ သူမရဲ့လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်က ပြည်သူတွေနဲ့ အတူ ဖေဖော်ဝါရီလ အစပိုင်းကတည်း က လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီပြီး အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်က ခုလက်ရှိ အချိန်မှာ ဒုတိယမြောက်ကိုယ်ဝန် ဆောင်ထား ရတာလည်းဖြစ်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကိုဗစ် ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုယ်ဝန် ဆောင်ထားရချိန်မှာ ကိုဗစ် ကူးစက်ခံခဲ့ရတဲ့အတွက် ပရိတ်သတ်တွေကလည်း သူမအတွက် စိတ်ပူနေကြသလို မိသားစု မိတ်ဆွေတွေကလည်း စိုးရိမ် ပူပန် နေကြတာပါ။

အခုလို ကိုယ်ဝန်ကြီးနဲ့ ကိုဗစ် ကူးစက်ခံထားရပေမယ့်လည်း နှိုင်းယှဉ်မြင့်မိုရ်က ရောဂါကို အံတုရင်ဆိုင်ရင်း သူမ ကျော်ဖြတ်ခဲ့ ပုံလေးကို ပရိတ်သတ်တွေအတွက် မျှဝေ လာခဲ့ပါတယ်။

“ဒီရောဂါ အကြောင်း ကိုယ် တစ်ကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့် ကိုယ်ဝန်ကြီးနဲ့မို့ ဖစ်တာသိချင်နေလို့တဲ့ ကျွန်မ ရောဂါ ပျောက်ခါနီးမှ ကိုဗစ် ဖစ်နေတာသိတာ။

ကျွန်မလွန်ခဲ့တဲ့ 10 ရက်လောက်ထဲက ခါးတွေ လက်တွေ ပေါင်တွေ ခြေသလုံးတွေ နာတာနာတာဆိုတာအားလုံးက ကိုယ်ဝန် ဆိပ်တက်နေတာလို့ပဲ ပြောကြတယ်။

ကျွန်မလည်းအဲ့လိုပဲထင်ခဲ့တာ ကိုဗစ် ကိုယ်ထဲ ဝင်နေတာသိတောင်မသိခဲ့ဘူး အစားအသောက်မပျက်ဘူး။

လူမမာကြီးလို မနေခဲ့ဘူး ဖြစ်နေမှန်းတောင် မသိခဲ့ဘူး။ ညညကျရင် တုန်ပီး ချမ်းတက်လာတာကိုလည်း ဗိုက်ကြီးသည်မို့ မီးယပ်ချမ်း ထတယ်ပဲ ထင်နေခဲ့တာ ဘာဆေးမှလည်း မသောက်ခဲ့ဘူး။

ညညကျရင် ခြေတွေလက်တွေ ကိုက်တော့ ယောက်က်ျားကို ဆေးလိမ်းခိုင်းတယ် နင်းခိုင်း နှိပ်ခိုင်းတယ်။

လွန်ခဲ့တဲ့ 4 ရက်လောက်က အာခေါင်တွေစနာတယ်။ နှာခေါင်းပိတ်တယ်။ ကိုယ်နည်းနည်းပူတယ်။ အဲ့ဒါလည်း ငါမိုးမိလို့ တုတ်ကွေး ဖစ်တယ်လောက်ပဲသဘောထားတယ်။ စားစရာရှိတာကတော့ အရင်ကထက်ပိုစားတယ်။

ပိုအိပ်တယ်။ အင်တာနက်မှာ ဟာသတွေရှာကြည့်တယ်။ သရဏဂုံ ရွတ်နေတယ်။ ဆရာသမားတွေ ကလည်း မေတ္တာပို့ပေးနေတယ်တဲ့ပီးတော့ လွန်ခဲ့တဲ့ 2 ရက်က အနံ့စပျောက်တယ်။ ဘာရေမွှေးနံ့ ဘာဟင်းနံ့မှမရတော့ဘူး။

မကြောက်ပါဘူး နှာခေါင်းပိတ်နေတယ်ပဲ သဘော ထားလိုက်တယ်။ အိမ်ကလူတွေနဲ့ သူငယ်ချင်းတွေကတော့ စိုးရိမ်ကြတာပေါ့ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ တနေ့ ပါရာဒက် 500 အားနဲ့ စီဗစ် မနက်နဲ့ည သောက်တယ် အားရှိတာတွေစားတယ်။

အိပ်တယ် ရေပုံမှန်ချိုးတယ် ဒီနေ့မနက် အနံ့ပြန်ရပီနေလည်းကောင်းတယ် ခု ယောက်ခမက ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ကျွေးတယ် ညနေ အိတုံမရဲ့ ဟော့ပေါ့ အကောင်းစားလာပို့လိမ့်မယ် စားမယ် အိပ်မယ် နားမယ်။

အားလုံး စိတ်ချရမှ အလုပ်တွေပြန်လုပ်မယ် ငါ့ဆီ ဒီရောဂါ ရောက်ကိုရောက်လာနိုင်တယ်။

ဘာဆေးနဲ့မှ မပျောက်ဘူးသာမာန်ပါရာစီတမော့နဲ့ပဲအဓိက အစာအဟာရမပြတ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ကပျောက်မယ့်တစ်ခုတည်းသောနည်းလမ်းပါပဲ အမျိုးတို့ ” တို့ဆိုပြီးရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *