ကိုဗစ်ကာလမှာ Quarantine ဝင်နေတဲ့ ကောင်မလေးကို Romantic ဆန်ဆန်ချစ်ရေးဆိုလာခဲ့တဲ့ အမျိုးသားတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကိုဗစ်ကာလမှာ Quarantine ဝင်နေတဲ့ ကောင်မလေးကို Romantic ဆန်ဆန်ချစ်ရေးဆိုလာခဲ့တဲ့ အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ကိုဗစ်ကာလမှာချစ်သူကို ရိုဆန်ဆန်နဲ့ ချစ်ရေးဆိုခဲ့တဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ Jeremy Cohen လို့ခေါ်တဲ့ New York ဓာတ်ပုံဆရာ တစ်ဦးက ထူးထူးဆန်းဆန်းပုံစံနဲ့ အချစ်ကို ရှာတွေ့လာခဲ့ပါတယ်။

Jeremyက အနီးအနားက အဆောက် အအုံတစ်ခုရဲ့ အိမ်အမိုး မျက်နှာပြင်ပေါ်မှာ ကနေတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်လိုလိုက်ခဲ့တယ်ဆိုတာ သူ့ရဲ့ Instagramပေါ်မှာ post တစ်ခုတင်ပြီး မျှဝေလာခဲ့ပါတယ်။ ပ ထမနေ့မှာ Jeremyက သူမနဲ့ သိကျွမ်းဖို့ သူ့ရဲ့ (Drone) ကို ဖုန်းနံပါတ်ရေးထားတဲ့ စာ ရွက်လေးကပ်ပြီး သူမဆီ မောင်းသွားခဲ့ပါတယ်။

မကြာခင်မှာဘဲ ကောင်မလေးဆီကနေ massage တစ်စောင်ရခဲ့ပါတယ်။ သူမရဲ့ နာမည်က Tori ပါ။ တကယ် အလုပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူးဆိုပြီး Jeremy က Instagram မှာ ရေးသား ဖေည်ပြလာခဲ့ပါတယ်။

နောက် ဒုတိယနေ့ရောက်တော့ Jeremy က Tori ကို ညစာအတူစားဖို့ ဖိတ်လိုက်ပါတယ်။ သို့ပေမဲ့ သူမနဲ့ အပြင်တွေ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့နှစ်ယောက်က Quarantine ဝင်နေချိန်မှာ သတ် မှတ်ထားတဲ့ social distance အတိုင်း နေရပါတယ်။

ဒါပေမဲ့ Jeremy က သူမ မသိအောင် တစ် ခုခု စီစဉ်လာခဲ့ပါတယ်။ ကျွန်တော်က သူမ အခန်းဖော်ရဲ့ အကူအညီနဲ့ တစ်ယောက် တစ်နေရာစီ တစ်ခုံစီထိုင်ရင် dinner စားနိုင်ဖို့ တိတ်တိတ်လေး စီစဉ်လာခဲ့ပါတယ်လို့ Jeremy က ပြောပြလာခဲ့ပါတယ်။

ညနေ (၅) နာရီ အချိန်မှာတော့ သူတို့ရဲ့ ပထမဆုံး date လေးစခဲ့ပါတယ်။ သူတို့ video call နဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း စကားပြောရင်း dinner အတူစားခဲ့ကြပါတယ်။

သုံးရက်မြောက်နေ့မှာတော့ သူတို့ အပြင်ဘက်မှာ တစ်ယောက်မျက်နှာ တစ်ယောက် မြင်နိုင်ဖို့ Little twist ကို သုံးပြီး တွေ့ဆုံလာခဲ့ပါတယ်။

၎င်းက တော်တော်လေး romantic ဆန်ဆန် အချစ်ဇာတ်လမ်းလေး လိုပါဘဲလား။ နောက် ထပ် လေးရက်မြောက်နေ့မှာ ဘယ်လိုထပ်ရို ကြအုံးမယ်ဆိုတာကို ကျွန်တော်တို့ ဆက်ပြီးသိချင်နေမိပါတယ်။

စာဖတ် ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေ။ Credit

Add a Comment

Your email address will not be published. Required fields are marked *