ကိုဗစ်ကာကွယ်ဆေးများကို မြန်မာနိုင်ငံအတွက် အိန္ဒိယက စတင် ပေးပို့တော့မည်

ကိုဗစ်ကာကွယ်ဆေးများကို မြန်မာနိုင်ငံအတွက် အိန္ဒိယက စတင် ပေးပို့တော့မည်

ကဲ ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံသို့ ကိုဗစ် ကာကွယ်ဆေး ရောက်တော့မှာပါ။ မြန်မာ အပါအဝင် (၆) နိုင်ငံသို့ ကိုဗစ်ကာကွယ် ဆေးများ ပေးပို့ခြင်း အစီအစဉ်ကို ယနေ့စတင်မည် ဖြစ်ကြောင်း အိန္ဒိယက သတင်းက ထုတ်ပြန်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ပြည်ပ ရေးရာ ဝန်ကြီးဌာရဲ့ မနေ့က သတင်း ထုတ်ပြန်ချက်အရ မြန်မာ ဘူတန် နီပေါ မောလ်ဒိုက် ဘင်္ဂလားဒေ့ရှ်နှင့် ဆေးရှဲလ် နိုင်ငံများသို့ အိန္ဒိယထုတ် ကိုဗစ် ကာကွယ် ဆေးများကို (၂၀.၁.၂၀၂၁) ရက် မှစပြီး ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျာ ။

ထို့နောက် အာဖဂန်နစ္စတန် သီရိလင်္ကာနှင့် မော်ရစ်သျှ နိုင်ငံများ သို့လည်း ဆက်လက် ပေးပို့ရန် အစီအစဉ်ရှိကြောင်း ကမ္ဘာအနှံ့ ဖြန့်ဝေပေး ပို့သွားမည်ဖြစ်ရာ နိုင်ငံ (၉၀) ကျော်သို့ ဖြန့်ဝေမည့် COVAX အစီအစဉ် အပါအဝင် နိုင်ငံတကာရဲ့ လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိပါတယ် ။

မြန်မာက အိန္ဒိယရဲ့ Serum Institute မှ လူ (၁၅) သန်းစာ Covishield အမည် ရှိတဲ့ Oxford Astra Zenica ကာကွယ် ဆေးအလုံးပေါင်း သန်း (၃၀) ဝယ်ယူရေး စာချုပ်ကို (၂၄.၁၂.၂၀) ရက်က ချုပ်ဆို၍ (၅.၁.၂၀၂၁) ရက်တွင် ကုန် အမှာ ပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ် ခင်ဗျာ။ ပရိတ်သတ်ကြီးအားလုံးလည်း ကိုဗစ်ကပ်ရောဂါဆိုးကြီးနဲ့ အမြန်ဆုံး ကင်းဝေးကြပါစေ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *