ကိုစည်သူ မိသားစု အားအလှူ ငွေ (၅) သိန်းကျပ်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် ဟိန်းဝေယံ

ကိုစည်သူ မိသားစု အားအလှူ ငွေ (၅) သိန်းကျပ်နှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် ဟိန်းဝေယံ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မင်းသား ဟိန်းဝေယံ က သာကေတမြို့ သပိတ်စစ်ကြောင်းမှာ ကျဆုံးသွားခဲ့ရတဲ့

အာဇာနည် သူရဲကောင်း ကိုစည်သူရဲ့ ကျန်ရစ်သူ မိသားစုအား အလှူငွေ (၅) သိန်း ကျပ် နှင့် စားသောက်စရားများအပါ ပရိက္ခရာ ( ၈ ) ပါး ကိုပါ သွားရောက် လှူဒါန်း ခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ဟိန်းဝေယံက ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ် ဆောင်နိုင်ပြီး အနုပညာလောကမှာ နာမည် တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့အထိကို အောင်မြင် ကျော်ကြားနေသူ တစ်ဦးပဲ ဖြစ်ပါတယ်။

စိတ်ထားလည်းကောင်းပြီး ဖော်ရွေ လွန်းလှတဲ့ ဟိန်းဝေယံ ကလူချစ်လူခင် များ ပြားပါတယ်။ သူရဲ ကောင်း ကိုစည်သူ ဟာ သာကေတမြို့နေပြည်သူ လူထုနဲ့အတူ ပါဝင် ဆန္ဒပြရင်း အသက် စတေးခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုစည်သူ အသက်သေဆုံး ပြီးချိန်ထိတိုင်အောင် သာကေတမြို့နယ် စခန်းမှူးနဲ့ မြို့နယ်မှူး တို့က အလောင်းလာပြန်အပ်ဖို့ကို ဆက်သွယ် အကြောင်းကြား လာခဲ့ပါတယ်။

မိသားစုကလည်း လာမပေးနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ခဏခဏ ဆက်သွယ်ကာ ရုပ်အလောင်းနဲ့အတူ မိသားစုများအား သေမှုသေခင်း ပြုလုပ်ရန် ထောက်ခံစာပြုလုပ်ဖို့ ပြောကြားလာခဲ့ပါတယ်။

ယခုဆိုရင် မိစ္ဆာကောင်တွေက အလောင်းပါ လာလုနေကြပါပြီ။ ကိုယ့်မိသားစုနဲ့ ကိုယ်တောင် သူရဲ ကောင်းတို့ရဲ့ နောက်ဆုံးခရီးကို လုပ်ပေးပိုင်ခွင့် မပြုကြပါဘူး။ ဘယ်လိုတောင် လူစိတ်မရှိကြတဲ့ သူတွေလည်းနော်။

မင်းသားချော ဟိန်းဝေယံ ဟာ သူရဲ ကောင်း ကိုစည်သူ ရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု ကို အလှူငွေ (၅) သိန်း ကျပ် တိတိ နှင့် ပရိက္ခရာ ( ၈ ) ပါး အပါ စားသောက် ဖွယ်ရာများပါ ကိုယ်တိုင် ကိုယ်ကျ သွား ရောက် လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

မင်းသားချော ဟိန်းဝေယံလည်း ဒီထက်မက လှူဒါန်းနိုင်ပြီး ဘေးအန္တရာယ်များလည်း ကင်းဝေးပါစေ။ အရေးတော်ပုံကြီး အောင်ရမည်။

Add a Comment

Your email address will not be published. Required fields are marked *