ကားပျက်နေတဲ့ အမျိုးသမီးကို (၉) ကီလိုမီတာဝေးတဲ့ အိမ်အထိ (၂) နာရီကြာအောင် ကားတွန်းပြီး လိုက်ပို့ပေးခဲ့တဲ့ ကောင်လေး (၃) ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကားပျက်နေတဲ့ အမျိုးသမီးကို (၉) ကီလိုမီတာဝေးတဲ့ အိမ်အထိ (၂) နာရီကြာအောင် ကားတွန်းပြီး လိုက်ပို့ပေးခဲ့တဲ့ ကောင်လေး (၃) ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ မြန်မာနိုင်ငံတွင် တစ်ဦးရဲ့ အခက် အခဲကို တစ်ဦးက ဝိုင်းဝန်း ကူညီပေးကြသည်မှာ ထူးဆန်းတဲ့ အရာတစ်ခု မဟုတ်တော့ပါ။

မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတိုင်း သူတစ်ပါးအပေါ် ကူညီပေးချင်တဲ့ ဆန္ဒများက အသွေး အသားထဲတွင် အမြဲ စီးဆင်း နေတယ်။

ဥရောပ တိုက်တွင်တော့ တစ်ဦးကို တစ်ဦးကူညီရန်မှာ အနည်းငယ် တွန့်ဆုတ် နေတတ်ကြပါတယ်။ သို့သော် အချို့သူများကလည်း ကူညီ ပေးတတ်ကြပါတယ်။

ယခုတွင်လည်း ကနေဒါနိုင်ငံ ဖွန်ဟေးလ်တွင် လူငယ်လေး (၃) ဦးက ညအချိန်တွင် ဒုက္ခရောက်နေတဲ့ အမျိုးသမီး တစ်ဦးကို လေးစားဖွယ် ကောင်းအောင် ကူညီခဲ့ကြပါတယ်။

အမျိုးသမီးက ညအချိန်တွင် ကားပျက်ပြီး အိမ်ပြန်ရန် အခက်အခဲ ဖြစ်နေခဲ့သောကြောင့် လူငယ်လေး (၃) ဦးဟာ အိမ်အထိကို ကားတွန်းပြီး လိုက်ပို့ပေးခဲ့ကြပါတယ်။

အမျိုးသမီးရဲ့အိမ်ဟာ ကားပျက်နေတဲ့ နေရာနှင့် (၉) ကီလိုမိတာခန့် ဝေးကွားလှပြီး ကောင်လေးတွေဟာ အိမ်အထိ ရောက်ရှိစေရန် (၂) နာရီခန့်ကြာအောင် တွန်းပို့ပေးခဲ့ရပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်းတို့ လူငယ်လေး (၃) ယောက်ရဲ့ စိတ်ဓာတ်လေးကို နှစ်သက် သဘော ကျမယ်လို့ ထင်ပါတယ်။ အဆုံးထိ ဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူး အထူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *