ကားပေါ်ကနေ လူသေတွေပြုတ်ကျတဲ့ အထိ ထိန်းမနိုင် သိမ်းမရဖြစ်နေတဲ့ အိန္ဒိယရဲ့ ကိုဗစ်ပြသနာ (အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ကြည့်ပါ)

ကားပေါ်ကနေ လူသေတွေပြုတ်ကျတဲ့ အထိ ထိန်းမနိုင် သိမ်းမရဖြစ်နေတဲ့ အိန္ဒိယရဲ့ ကိုဗစ်ပြသနာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်မရနိုင်အောင် ဖြစ်ပွားနေတဲ့ အိန္ဒိယမှာ မိခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ ရုပ်အလောင်းကို သုံးဘီးဆိုင်ကယ်ပေါ်တင်ပြီးတော့တောင်မှ သယ်ယူနေရတဲ့ အဖြစ်နဲ့ ရင်ဆိုင်နေရပါတယ်။

အိန္ဒိယနိုင်ငံတဝှမ်းမှာ လူနာတင်ယာဉ် မလုံလောက်မှု၊ ဆေးရုံကုတင်တွေ မရှိမှုနဲ့ အောက်ဆီဂျင် ပြတ်လပ်မှုတွေကို ကြုံတွေ့နေရတာဖြစ်ပြီး မှောင်ခိုဈေးကွက် အတွင်းမှာ ဆေးဝါးအထောက် အကူပြု ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ယူနေရ တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ရက်တည်းမှာပဲ သေဆုံးသူပေါင်း ၂၈၁၂ ဦးအထိ အိန္ဒိယမှာရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူဟာ သုံးသိန်းခွဲကျော် သွားခဲ့ပြီလို့သိရပါတယ်။ အောက်ဆီဂျင် အိုးတွေရဲ့ ဈေးနှုန်းဟာ လည်း တစ်လုံးကို ဒေါ်လာ ၈၀ အထိ ရှိသွားခဲ့ပေမယ့် ဝယ်လိုအားမြင့်တက်နေဆဲ ဖြစ်ကာ တချို့ နေရာတွေမှာတော့ ဒေါ်လာ ၁၃၀၀ အထိတောင် ပေးချေဝယ်ယူ နေရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစနစ် လဲပြိုစေတဲ့အထိ ဖြစ်နေတဲ့ ကိုဗစ်ဒုတိယလှိုင်းကို ကိုင်တွယ်နိုင်ဖို့ အစိုးရဟာ စစ်တပ်ရဲ့ အကူအညီကို ရယူသွားမယ်လို့ မနေ့က ပြောဆိုခဲ့ပါတယ်။

နယူးဒေလီက အရေးပေါ် ကုသဆောင်မှာ တာဝန်ယူကုသပေးနေတဲ့ ဒေါက်တာ ဂူတမ်ဆင်းဂ်ျက သူ့ရဲ့ လူမှုကွန်ရက်ကနေ အောက်ဆီဂျင် အကူအညီတောင်းခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ” ကျွန်တော်တို့ဆီကို အောက်ဆီဂျင်ပို့ပေးကြပါ၊

ကျွန်တော့် လူနာတွေ သေကုန်ကြပါပြီ” လို့ သူက တနင်္ဂနွေနေ့မှာ ရေးသားခဲ့ပြီး တနင်္လာနေ့ကတော့ အောက်ဆီဂျင်အိုး ၂၀ အထိ သူ ရရှိခဲ့ပေမယ့်လည်း ဒီပမာဏဟာ ဆေးရုံအတွက်တော့ တစ်ရက်စာသာ လုံလောက်မှုရှိတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်တွေ ပေါ်မှာလည်း အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်လူနာတွေကို မီးသဂြိုလ်နေတဲ့ ပုံရိပ်တွေက ပြန့်နှံ့နေပြီး တစ်ကမ္ဘာလုံးကို စိုးရိမ်ပူပန်စေသလို ဝမ်း နည်းစေခဲ့ပါတယ်။ ဒီနေ့မြင်တွေ့ရတဲ့ မြင်ကွင်းတွေမှာဆိုရင်လည်း မိခင်ဖြစ်သူက သားဖြစ်သူရဲ့ ရုပ်အလောင်းကို အရေးပေါ်ကား မရှိလို့ သုံးဘီးကားနဲ့ ဖြစ်သလို သယ်ဆောင်ခဲ့ရတာကို မြင်တွေ့ခဲ့ရပြီး စိတ်ထိခိုက်စရာဖြစ်ခဲ့ရပါတယ်။

နောက်ထပ်ဆိုးဝါးတဲ့ အရာကတော့ အွန်လိုင်းပေါ် ပြန့်နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ လူနာတင်ယာဉ် တစ်စီးအတွင်းကနေ အလောင်းပြုတ်ကျ ကျန်နေရစ် ခဲ့တာဖြစ်ပါတယ်။

သောကြာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး Vidisha ခရိုင်မှာဖြစ်ကာ လူနာတင်ကားဟာ အကွေ့တစ်နေရာကို မောင်းနှင်ရစဉ် ကားအတွင်းကနေ လူသေအလောင်းပြုတ်ကျ ကျန်နေရစ်ခဲ့တာ ဖြစ်ပါတယ်။ ကားအတွင်းမှာ လူသေအ လောင်းတွေကို စုပြုံထည့်ထားပုံရတယ်လို့ ပြောဆိုနေကြပြီး တော်တော် လေးဆိုးဝါးတဲ့ အ ခြေအနေဖြစ်ပေါ် နေတယ်လို့လည်း ယူဆရပါတယ်။

ကမ်ပူမြို့မှာလည်း မိခင်တစ်ဦးရဲ့ အလောင်းကို သားဖြစ်သူက စွန့်ပစ်ထားခဲ့ တယ်လို့ ကမ်ပူ ရဲတပ်ဖွဲ့က စွပ်စွဲ ထားပြီး သူမကို ကိုဗစ် ရှိမရှိ စစ်ဆေးပြီးနောက် Positive ရလဒ် ထွက်ပေါ်ခဲ့ပြီးနောက်မှာ လမ်းဘေးမှာပဲ ထားထားခဲ့တာလို့ ရဲတာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။

ဆေးရုံပြင်ပမှာ စောင့်နေကြတဲ့ လူနာရှင်တွေဟာလည်း လူနာသေဆုံးတဲ့အချိန်၊ အခြေအနေအ သေးစိတ်ကို ဘာမှမသိရဘဲ သေဆုံးမှုကိုသာ လက်ခံနေရတယ်လို့ သိရပါတယ်။ ရင်ခွဲရုံတွေမှာ တန်းစီစောင့် ဆိုင်းနေတဲ့ လူနာရှင်အများအပြားရှိနေသလို မီးသဂြိုလ်ဖို့အတွက်လည်း အလှည့်ကျလာဖို့ စောင့်ဆိုင်းနေသူတွေကို တားမရဆီးမရဖြစ်နေပါတယ်။

ဒီအတွက်ကြောင့် သေဆုံးသူတွေရဲ့ မိသားစုဆွေမျိုးတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ်သာ သုသာန်အတွင်း မီးသဂြိုလ်မှုတွေပြုလုပ်နေရပြီး အိန္ဒိယအနေနဲ့ အဆိုးဝါးဆုံးကာလကို ဖြတ်သန်းနေရပြီလည်းဖြစ်ပါတယ်။

အာဏာရှိသူတွေရဲ့ မိသားစုဝင် ဆွေမျိုးသားချင်းတွေကို ပိုမိုဦးစားပေး ကုသနေမှုတွေကိုလည်း ဝေဖန်နေကြပြီး အိန္ဒိယဝန်ကြီးချုပ် မိုလ်ဒီကတော့ နိုင်ငံတွင်းမှာ ကိုဗစ်က ထိန်းချုပ်မရအောင်ဖြစ်ပွားနေပြီလို့ ပြောကြားခဲ့ပါတယ်။

ဒုတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေကို လျှော့ ချခဲ့မှု၊ လုံလောက်တဲ့ ပစ္စည်းကိရိယာနဲ့ ဆေးဝါးတွေကို လုံလောက်အောင် ဖြည့် တင်းပေးထားခြင်းမရှိတဲ့အတွက်လည်း အစိုးရဟာ အပြင်းအထန်ဝေဖန်ခံနေရပြီး တွစ်တာကတဆင့် အကူအညီတောင်းခံနေတဲ့ ပို့စ်တွေကို ဖျက်ပစ်ဖို့အတွက် အစိုးရက တောင်းဆိုခဲ့တဲ့အပေါ်မှာလည်း ကန့်ကွက်မှုတွေရှိနေပါတယ်။ Source ; therivernews

Add a Comment

Your email address will not be published. Required fields are marked *