ကားနဲ့သွားမရလို့ ဆိုက်ကားနဲ့ ဦးထုပ်လိုက်လှုနေတဲ့ သရုပ်ဆောင် အနော (ခေါ်) ချိုမာ

ကားနဲ့သွားမရလို့ ဆိုက်ကားနဲ့ ဦးထုပ်လိုက်လှုနေတဲ့ သရုပ်ဆောင် အနော (ခေါ်) ချိုမာ

အားလုံးသော စာဖတ်သူအပေါင်း ဘေးရန်ရှင်းကြပါစေ ခင်ဗျာ …

အသံ စွာစွာ လေးနဲ့ အော်ဟစ်ပြီး ချစ်စရာအကလေးတွေနဲ့ စကားတက် လှတဲ့ ချိုမာ တစ်ယောက် onlie မှာ ဈေးရောင်းနေတာ အားလုံးတွေ့ဖူးကြမှာပါ။

ချိုမာဟာ မြန်မာပြည်တွင် သာမက ထိုင်းနိုင်ငံမှာထိ အောင်မြင်နေတဲ့ Onlie ဈေးရောင်သူ တစ်ယောက်ဖြစ်ပါတယ်။

သူမဟာ အခုလို တပြည်လုံး တော်လှန် ရေး ဆင်နွှဲနေချိန်မှာ ကြရာအခန်း ကဏ္ဍကနေပြီး ပါဝင်နေသူလဲ ဖြစ်ပါတယ်။

သူမဟာ မနေ့ကတော့ ပြည်တွင်းနှင့် ထိုင်း အားပေးသူ Fan တွေရဲ့ကူညီမှု့နဲ့ တိုက်ပွဲ ဝင်နေသူတွေ အတွက် ဦးထုတ်လှုခဲ့တာကို အခုလို “ဗဟိုလမ်း ဘက်မှာ ဦးထုပ် အလုံး (၁၀၀) (၂၄၀,၀၀၀) ကျပ် လှူပေးခဲ့ပါတယ်။

အနောကို အားပေးတဲ့ Fan မိသားစုဆီက ထိုင်းကရော မြန်မာဘက်ကပါ။ တတ်နိုင်သလောက် လှမ်းလှူပေးကြတဲ့ အလှူရှင်လေးတွေကို အထူး ကျေးဇူးတင်ပါတယ်ရှင်။

ကားနဲ့ဆို လမ်းပိတ်တော့ ဆိုက်ကားနဲ့ လစ်တယ်။ အရေးတော်ပုံအောင်ရမည် WeNeed R2Pin Myanmar ” ဆိုပြီး ရေးထားပါတယ်။

ရုပ်ကလေး လှသလောက် စိတ်ဓါတ်လေးပါလှတဲ့ ချိုမာရေ … မင်းရဲ့ မိန်းကလေးတန်မဲ့ ကားနဲ့သွားမရလို့ ဆိုက်ကားနဲ့ ပတ်လှုခဲ့တဲ့ စိတ်ဓါကို လေးစားပါတယ်ဗျာ။

ချိုမာ တစ်ယာက် အခု ထက်ပိုပြီး အောင်မြင်ကြပါစေ ခင်ဗျာ။ ဘေးရန်လဲ ရှင်းပါစေလို့ ဆုတောင်းပါတယ်။

စာဖတ်သူတို့လဲ ချိုမာအတွက် ဘေးအန္တရာယ် ကင်းကင်းနဲ့ ဆက်လှုပ်ရှားနိုင်ဖို့ ဆုတောင်းပေးကြပါအုံးနော်။ စာဖတ်သူတို့လဲ ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ။

Add a Comment

Your email address will not be published. Required fields are marked *