ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေးဝယ်ရန် သိန်း (၅၀) လှူဒါန်းလာခဲ့တဲ့ မြန်မာပြည်မှာပဲရှိတဲ့ အလှူရှင်များ

ကာကွယ်ဆေးဝယ်ရန် သိန်း ၅၀ လှူဒါန်းလိုက်တဲ့ မြန်မာပြည်မှာပဲရှိမဲ့ အလှူရှင်များ

ကျွန်တော်အရက် သောက်ပါတယ်။ လူပေါင်းစုံနဲ့ သောက်ပါတယ်။ အရက်သောက်တာဟာ ကျန်းမာရေးအတွက် ကောင်းကျိုးမရှိမှန်း သိပါလျက်နဲ့ သောက်ပါတယ်။ သောက်ရင်းသောက်ရင်း အပေါင်းအသင်းလည်း ရပါတယ်။ ရန်သူတော့ တစ်ယောက်မှ မရဖူးပါ။ အရက်သောက်ရင်း ဆိုးဆိုးရွားရွား အကျင့်စာရိတ္တရှိတာကို ကြုံတွေ့ရလို့ လုံးဝ အဆက်ဖြတ်လိုက်ရတဲ့ အပေါင်း အ သင်းတွေတော့ ကြုံဖူးပါတယ်။ ဘာပဲ ဖြစ် ဖြစ်ပါ ။

အရက်သောက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ အရက်သောက်ရင်း မကြာမကြာဆုံဖြစ်တဲ့ သူငယ်ချင်းတွေ ပိုက် ဆံစု ဖို့ တိုင်ပင်မိကြပါတယ်။ လစဉ် စုကြမယ်။ အရေးကြုံလို့ လိုအပ်တဲ့နေရာ ရှိရင် လှူကြ မယ်ပေါ့။ ဒီလိုနဲ့ နေ့စဉ် နီးပါး သောက်စားနေကြတဲ့အထဲက တစ်ရက်ကို ကျပ်တစ်ထောင် နှုန်းနဲ့ စုကြမယ်လို့ သ ဘောတူ မိကြပါတယ်။ စတာကတော့ သုံးယောက်ပါ။

နောက်တော့ အရက်သမား မိသင်္ဂဟတွေကြားမှာ ဟိုလူပါမယ် ဒီလူပါမယ်နဲ့ ၇ ဦး ဖြစ်လာပါတယ်။ ဒီလိုနဲ့ ၂၀၁၈ ဇန်နဝါရီလမှာ KBZ Joint Account ဖွင့်ကြပြီး Mobile Banking ကနေ လူခုနှစ်ယောက် (အရက်သမား ၇ ဖော်) တစ်လ သုံးသောင်းစီ ထည့်ကြပါတယ်။ နောက်ပိုင်း ၃ လေးလ လောက်မှာ မေ့သွားတာလား အဆင်မပြေတာလားမသိအကြောင်းကြောင်းကြောင့် တစ်ဦးကဆက်မထည့်တော့ပါဘူး။ လက်ကျန် အရက်သမား ၆ ယောက်နဲ့ ဆက်စုကြပါတယ်။

အခုပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကျွန်တော်တို့ စုတာ ၂ နှစ်ပြည့်ပါတယ်။ ဘဏ်ကရတဲ့ အတိုးနဲ့ပေါင်းရင် ကျပ်သိန်းငါးဆယ် စွန်းစွန်းလေး စုမိပါတယ်။ အဲ့ဒီပိုက်ဆံကို ပထမ ဧရာဝတီ ကိုဗစ်စင်တာကို လှူဖို့ ၂၀၂၀ သြဂုတ်လ လောက်မှာ အားလုံးတိုင်ပင် ထားကြပါတယ်။ စတေးဟုမ်းတွေရော ဆီမီးလော့ဒေါင်းတွေရော ဖြစ်နေတာကြောင့် အတူဆုံပြီး သွားလှူဖို့ရာ အဆင်မပြေခဲ့ပါဘူး။ နည်းပညာကြောင့် အွန်လိုင်းကနေတော့ အသောက်မပျက် ခွက်တိုက်မပျက်ခဲ့ကြပါ။ (ဒါကြောင့် အရက်သမားများအားလုံးကိုယ်စား နည်းပညာကို ကျေးဇူး အထူးတင်မိပါတယ်) ငွေလှူဖို့ လစဉ် စုငွေထည့်နေကြတဲ့ အခြားလူတွေက တနေရာစီ ရောက်နေကြတာမို့ အ ကုန်လုံး ဆုံပြီး မသွားနိုင်ကြပါဘူး။

အခုလိုအချိန်မှာ ကာကွယ်ဆေးအတွက် လိုအပ်နေချိန်မို့ အမြန်ဆုံးလှူချင်ကြတော့ ၆ဦးလုံး ဆုံမနေပဲ အဆင်ပြေတဲ့လူက မြန်မာ့စီးပွားရေးဘဏ်ကနေ နေပြည်တော်အကောင့်ထဲ ငွေလွှဲပေးဖို့ ဆုံးဖြတ်ကြပါတယ်။ အလှူငွေကို ဒီနေ့ပဲ အစိုးရ ကာကွယ်ဆေး ရန်ပုံငွေ အကောင့်ထဲ ထည့်လှူပေးလိုက်ပါပြီ။ အဲ့ဒီလို လှူပေးနိုင်အောင် ကူညီ ပေးကြတဲ့ အဖွဲ့သား ၆ ယောက်ထဲက ကိုအောင်မျိုးဦးနဲ့ကိုဇော်မိုးကို အထူး ကျေးဇူးတင်ပါတယ်။

လှူတာကို ပြောချင်လို့ ဒီပို့စ်ကို ရေးတာတော့ မဟုတ်ပါဘူး။ အခုလက်ရှိ မြန်မာပြည်မှာ ကျွန်တော်အပါအဝင် အရက်သမားတွေ အ များကြီးရှိနေတာအား လုံး သိပါတယ်။ အဲ့ဒီလို အရက်သမားတွေထဲကမှ ကျွန်တော်တို့အရက်သမား ၆ ယောက် တစ်ရက်တစ်ထောင်နှုန်း တစ်လ သုံးသောင်းစီ စုပေါင်းထည့်ဝင် ငွေဟာ အခုလို နိုင်ငံအရေးပေါ်လိုအပ်ချိန်မှာ လူ ၅၀ လောက်အတွက် ကာ ကွယ်ဆေး ထောက်ပံ့နိုင်တဲ့ ပမာဏ ရလာတာကို ပြောပြချင်လို့ ရေးတာပါ။

ဆင့်ပါး စပ်ကို နှမ်းပက်တယ်ပဲ ပြောပြော ကျွန် တော်တို့ အရက်သမား ၆ ယောက်ကတော့ ကိုယ်အရက် သောက်မယ့်အထဲက ကိုဗစ် ကာကွယ်ဆေးအတွက် သိန်းငါးဆယ် လှူနိုင်ခဲ့ပါပြီ။ အရက်လျှော့သောက်ပြီး ဒီထက်ပိုလှူနိုင်မယ့် အရက်သမားတွေကို ဒီပို့စ်မြင်စေချင်တာက ကျွန်တော်တို့ရည်ရွယ်ချက်ပါ။

မြန်မာဇာတ်ကားတွေ ထဲကလို အရက်သောက်တိုင်း လူယုတ်မာ ဖြစ်သယောင် ခပ်ကြောင်ကြောင်ပုံစံထဲက အနည်းငယ် ခွဲထွက် တွေးတောမိစေချင်တဲ့ ဆန္ဒလည်း တပိုင်းတစ ပါဝင်ပါတယ်။ အရက်သမားတွေ အ သည်း ပိုကောင်းကြပါစေ ။ စုပေါင်း လှူဒါန်း နိုင်တဲ့ အရက်သမား အစုအဖွဲ့များ ဖွဲ့စည်းနိုင်ကြပါစေ ။

နိုင်ငံတော်ကလည်း အရက်အတုတွေ အကုန်ဖမ်းခြင်းဖြင့် အရက်သမားများရဲ့ အသည်းကို ပိုကောင်းအောင် ကူညီနိုင်ပါစေ လို့ဆုတောင်းရင်း… ကိုဗစ်ကို ပိုမိုကာကွယ်နိုင်သော အနာဂါတ်ကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ … လှမျိုး (အရက်သမား ၆ ယောက်အဖွဲ့ ကိုယ်စား) ၀၈/၀၁/၂၀၂၁ /ပုံကတော့ ကျွန်တော်တို့ လှူလိုက်တဲ့ ဖြတ်ပိုင်းလေးပါ ။ Crd

Add a Comment

Your email address will not be published. Required fields are marked *