ကလေး (၄၄) ယောက်မွေးပြီး ကိုယ်ဝန်ထပ်မဆောင်ဖို့ တရားဝင် တားမြစ်ပိတ်ပင်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကလေး (၄၄) ယောက်မွေးပြီး ကိုယ်ဝန်ထပ်မဆောင်ဖို့ တရားဝင် တားမြစ်ပိတ်ပင်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အဖြစ္

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အရှေ့အာဖရိက (Uganda) နိုင်ငံရှိ Mariam Nabatanzi အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးက ကောင်း မွန်လွန်းတဲ့ အကြောင်းပြချက်တွေကြောင့် ကမ္ဘာ့ကလေး မွေးနိုင်ဆုံးဆုကို ရရှိလာခဲ့ပါတယ်။ ယုံကြည်ဖို့ ခက်ခဲနိုင်ပေမဲ့လည်း သူမက ကလေး (၄၄) ယောက် မွေးဖွားလာခဲ့ပါတယ်။

ဘယ်လိုတောင် ဖြစ်နိုင်မလဲလို့တွေး မိသွားကြမှာပါ။ တစ်ကယ်လည်း Mariamက သူမ အသက် (၁၃) နှစ်အရွယ်မှာ ပထမဆုံးအ ကြိမ် အမြွှာပူး နှစ်ယောက် မွေးလာခဲ့ပါတယ်။

သူမက အသက် (၁၂) နှစ်အရွယ်မှာ ခင်ပွန်းနဲ့လက်ထပ်ခဲ့ပြီး ကလေး တစ်ယောက်နဲ့ နှစ်မြွှာပူး (၄) စုံ သုံးမြွှာပူး (၅) စုံ နဲ့ လေးမြွှာပူး (၅) စုံအထိ မွေးဖွားလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၄)နှစ် က ခင်ပွန်းဖြစ်သူဟာ ထွက်သွားခဲ့တာကြောင့် အသက် (၄၀) အရွယ်ရှိပြီဖြစ်ပြီး (single mother) တစ်ယောက်ဖြစ်တဲ့ Mariam ရဲ့ စောင့်ရှောက်မှုအောက်မှာ အ သက်ရှင်နေတဲ့ကလေးစုစုပေါင်း (၃၈) ယောက်ထိရှိနေခဲ့ပါတယ်။

ထို့ကြောင့် သူမက မိသားစု တစ်ခုလုံးကို ထောက်ပံ့ဖို့ အလုပ် သုံးခုလုပ်ရင်း ရုန်းကန်နေလာခဲ့ရပါတယ်။ သူတို့က ဘာမှမလိုအပ်ပါဘူး ဒါပေမဲ့ သူတို့ကို ကျောင်းပို့ပေးရမယ်လို့ သူမက ပြောလာပါတယ်။ Mariam ဆရာဝန်ရဲ့ အဆိုအရ သူမမှာ အထူးသဖြင့် ကြီးမားတဲ့ သားဥအိမ်များ ရှိနေခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ မွေးမြူရေးကို ထိန်းချုပ်ခြင်းက သူမရဲ့ ကျန်းမာရေးပြဿနာများဖြစ်ပေါ်စေလာခဲ့ပါတယ်။ ဥပမာအနေနဲ့ သူမက (၁၈) ယောက်မြောက် ကလေးမွေးပြီးနောက် IUD ကိုသုံးလိုက်တဲ့အခါ သူမက coma ဖြစ်သွားခဲ့ရပါသေးတယ်။

သားဖွား မီးယပ်ဆရာဝန် ဒေါက်တာ Charles Kiggundu က Mariam အနေနဲ့ မျိုးဥတစ်မျိုးတည်းမှာ ဥများစွာကို ထုတ်လွှတ်နေကြောင့် မျိုးပွါးခြင်း အခွင့်အလမ်းကို သိသိသာသာတိုးပွါးစေကြောင်း ပြောပြလာခဲ့ပါတယ်။

သို့ပေမဲ့လည်း Mariam က အခက်အခဲ အားလုံးကို ဘေးချိတ်ထားပြီး ကလေးတွေအတွက် သူမကို့ သူမအမြဲ တွန်းအားပေးနေဖို့ စိတ်ဆုံးဖြတ်လာခဲ့ပါတယ်။

Mariamဟာ သူမကလေးများအား ဘု ရားသခင်ပေးတဲ့ အရာဖြစ်ကြောင်း အသိ အမှတ်ပြုထားပြီး ဘယ်လိုပင်ဖြစ်နေပါစေ သူတို့ အားလုံးကို ကောင်းကောင်း ဂရုစိုက်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်ဖြစ်ကြောင်း ပြောလာခဲ့ပါသေးတယ်။

ပရိတ်သတ်ကြီးအားလုံးရဲ့ အမြင်လေးတွေကိုလည်း ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အား ပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Add a Comment

Your email address will not be published. Required fields are marked *