ကလေးတွေ အကူညီတောင်းခံတာကို မငြင်းရက်တော့လို့ မိခင်ဖြစ်သူရဲ့ ရင်ထိုးလေးကိုရောင်းချပြီး လှူဒါန်းသွားမယ်ဆိုတဲ့ အိပန်ဆယ်လို

ကလေးတွေ အကူညီတောင်းခံတာကို မငြင်းရက်တော့လို့ မိခင်ဖြစ်သူရဲ့ ရင်ထိုးလေးကိုရောင်းချပြီး လှူဒါန်းသွားမယ်ဆိုတဲ့ အိပန်ဆယ်လို

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ တော်လှန်ရေးမှာ တစ်ထောင့်တစ် နေရာကနေ အားသွန်ခွန်စိုက် ကူညီနေတဲ့ ပန်ဆယ်လို ကတော့ ပြည်ပရောက် နေပေမယ့် မြန်မာပြည်အရေးကို အလေးထားဆောင်ရွက်နေဆဲ ပဲဖြစ်ပါတယ်။

ပန်ဆယ်လိုက ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့တွေနဲ့ CDM သမားတွေအတွက် သူမကိုယ်တိုင် လှူ ဒါန်းသလို အလှူငွေတွေ ကောက်ခံပြီး ကူညီပေး နေတာလည်း ဖြစ်ပါတယ် ။ အခုလည်း ပန်ဆယ်လိုက သူမဆီကို အ ကူအညီ တောင်းခံလာတဲ့ ရဲ ဘော်လေးတွေရဲ့အကြောင်း ပြောပြထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် အမေ့မွေးနေ့တုန်းက အမေ့ကို မွေး နေ့လက်ဆောင်အဖြစ် အမေစုပုံ ရင်ထိုး/ဆွဲသီးလေး လက်ဆောင်ပေးခဲ့တယ်။

ဒီနှစ်အမေ့ မွေး နေ့မှာ ကိုယ့်စာအုပ်စာမူခ သိန်း(၅၀)ကို ပ ညာရေးဌာနCDM တွေအတွက် လှူဒါန်းပေးဖြစ်တယ်။

ဒီရက်ထဲ အလှူခံကလည်း အာချောင် သူတွေကြောင့် စိတ်ပျက်ပြီး ရပ်ထား၊ အကူအညီတောင်းကြတဲ့အဖွဲ့တွေကလည်း အများကြီး။ အချို့ပြော လက်စအဖွဲ့တွေက လာမေးကြတယ်။

“မကြီး… သားတို့ပြောထားတာတွေ အဆင်မပြေတော့ဘူးလား” “သားတို့ရိက္ခာလေး ရနိုင်ဦးမလား” နဲ့။ ကိုယ့်မှာ မငြင်းရက်။ ကြိုးစားကြည့်ဦးမယ်ဟယ်ပဲ ပြောနိုင်တယ်။

ကိုယ်က အမေ့ရှေ့မှာ အဲ့အကြောင်း ညည်းမိတော့ အမေက သူ့ကိုပေးတဲ့ မွေးနေ့လက်ဆောင် အမေစုရင်ထိုး/ဆွဲသီးလေးကို ရောင်းလိုက်ပါတဲ့။

သူလှူပါမယ်တဲ့။ ဒါလေးက ၅သိန်း၈သောင်းပဲ တန်ပါတယ်။ ဒါပေမယ့် ကိုယ်ပို့ဖို့ လိုအပ်နေတာ ၅သိန်း၈သောင်း မကပါဘူး။

အဲ့တော့ ဒါလေးကို ကိုယ် ဈေးတင်ရောင်းချင်ပါတယ်။ ဈေးလျှော့ရောင်းတာ မဟုတ်ပါဘူး။ အလှူအတွက် ဈေးတင်ရောင်းတာပါ။

ရောင်းရငွေ အရင်းရော ပိုရတာရော အကုန်လှူပေးမှာပါ။ အများဆုံး ပေးတဲ့လူ ရောင်းပါမယ်။ ဈေးပြိုင်မပေးဘဲ တတ်နိုင်သလောက် ကူညီချင်ရင်လည်း ရပါတယ်။

ဆက်မလုပ်တော့ဘူးဆိုပေမယ့် မျက်ကွယ်မပြုနိုင်ပါဘူး။

နှုတ်ခမ်းနီတွေ၊ ဆန်၊ ဆီ၊စားနပ်ရိက္ခာတွေက အရေးကြီးပေမယ့် ကော်ဖီမစ်လေး ရရင် သောက်ချင်လို့ ထည့်ပေးပါ။

မရလည်း ကိစ္စမရှိပါဘူးမကြီးဆိုတာတွေကို ငြင်းရက်တဲ့ နှလုံးသားမရှိပါဘူး။

တစ်သက်လုံးအဆဲခံလာတာ အခုအချိန် အဆဲခံရတာကြောင့် လုပ်နိုင်တာတွေ ရပ်လိုက်ရင် သတ္တိကြောင်လွန်းရာကျသလို ဝိုင်းဝန်းအားပေးကြတဲ့သူတွေ၊ စာပို့ပြီးဆုံးမတဲ့ NYက ဦးဇင်း၊ ကျောင်းခေါ်ဆုံးမ

စကားပြောတဲ့ Buffaloက ဦးဇင်း၊ ကျွန်တော်တို့ကို ဆက်မကူရင်တောင် အခြားအဖွဲ့တွေအတွက် ဆက်လုပ်ပေးပေးပါဆိုတဲ့ ရဲဘော်တွေအတွက် နေသာသလို နေမယ် ဆက်မတွေးနိုင်ပါဘူး။ Screenshot လေးတွေ အဆုံးထိ ဖတ်ကြည့်ပါ။ တစ်စိတ်တစ်ပိုင်းပါ။

ပစ္စည်းလေးကို ဈေးပြိုင်ပေးချင်တာပဲဖြစ်ဖြစ်၊ နိုင်သလောက် ကူညီချင်တာပဲ ဖြစ်ဖြစ် ဒီပေ့ချ်ကို ဆက်သွယ်ပေးပါ။

အကောင့်ကို စာပို့ရင် စာတွေ မမြင်ရလို့ ပေ့ချ်ကိုပဲ လာပြောပေးပါ ဆိုပြီးရေး သားထားတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှ ဝေပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *