က ရင် နီ ပြည် ထဲ ကို တပ် မ ၅၅ ဝင်လာနေပြီကြားလို့ ကွမ်းယာလေးစားရင်း ထိုင်စောင့်နေကြတဲ့ သူရဲကောင်းလေးတွေ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကရင်နီပြည်ထဲကို တပ်မ ၅၅ ဝင်လာနေပြီကြားလို့ ကွမ်းယာလေးစားရင်း ထိုင်စောင့်နေကြတဲ့ သူရဲကောင်းလေးတွေ

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ အခု ရက်ပိုင်းတွေမှာဆိုရင်

ချင်းပြည်နယ်နဲ့ ကယား ပြည်နယ်တို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေလည်း မြို့ထဲမှာအန္တရာယ်များလို့ တောတောင်တွေထဲ ရှောင်နေရတာဖြစ်ပါတယ်။

လူငယ် သူရဲကောင်းတွေကတော့ မိမိတို့ မြို့လေး သာယာ အေးချမ်းဖို့အတွက် အသက်ကိုတောင်ပေးပြီး ကာကွယ် နေကြတာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ မေလ (၂၁) ရက်နေ့ကစတင်ပြီး အပြန် အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ဒေသခံ

ပြည်သူတွေလည်း လုံခြုံမယ့် နေရာမှာ နေထိုင်နေကြရတာ ပဲဖြစ်ပါတယ်။

ပြည်သူတွေ အကုန်လုံးက အခုလို အချိန်မှာ စည်းစည်းလုံးလုံးနဲ့ ရင်ဆိုင် ဖြေရှင်းနေကြပြီး ဒီမို ကရေစီ

ရရှိဖို့အတွက် အင်တိုက် အားတိုက် ကြိုးစား ဆောင် ရွက် နေကြတာဖြစ်ပါတယ်။

အခုလိုမျိုးရွပ်ရွပ် ချွံချွံနဲ့တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်များကို ဘေးအန္တရာယ် ကင်းပါစေ

ဆိုပြီး ပြည်သူတွေက ဆုတောင်းပေးနေကြတာ ပဲဖြစ်ပါတယ်။

PDF အဖွဲ့က လူငယ် သူရဲကောင်းတွေကတော့ တစ်လ နှစ်လပဲ သင်ကြား လေ့ကျင့်ထားရတဲ့ စစ်ပညာနဲ့

ပြည်သူတွေကိုကာကွယ် စောင့်ရှောက် ပေးနေကြတာဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း ကရင်နီ ပြည်ထဲကို တပ်မ ၅၅ ဝင်လာနေပြီလို့ သတင်းကြားတာကြောင့် PDF လူငယ်

လေးတွေက ကွမ်းယာလေးစား ဟာသလေးပြောရင်း ထိုင်စောင့်နေကြတာဖြစ်ပါတယ်။

လူငယ်တွေရဲ့ သတ္တိကတော့ အံ့မခန်းဖြစ်လို့ ပြည်သူတွေကတောင် လေးစား နေကြတာပဲ ဖြစ်ပါတယ်။

ပြည်သူ တစ်ဦးကဆိုရင်လည်း PDF လူငယ် သူရဲ ကောင်းတွေအတွက် ဆောင်ရန် ရှောင်ရန်လေးတွေကို သိသလောက် ပြောပြထားတာ ပဲဖြစ်ပါတယ်။

ပြည်သူ့ ကာကွယ်ရေးတပ်တွေလည်း အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံး အောင်ပွဲ ရပါစေလို့ ဆုတောင်းရင်း ပြန်လည် မျှဝေပေးလိုက်ပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *