ကမ္ဘာအနှံ့မှာရှိတဲ့ အစိုးရခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာရေးလိုက်တဲ့ သရုပ်ဆောင်ပိုင်တံခွန်

ကမ္ဘာအနှံ့မှာရှိတဲ့ အစိုးရခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာရေးလိုက်တဲ့ သရုပ် ဆောင် ပိုင်တံခွန်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုလက်ရှိ မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ အာဏာရှင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကို ကမ်ဘာ့နိုင်ငံ အနှံ့အပြားမှာရှိတဲ့ အစိုးရ ခေါင်း ဆောင်များ ထံသို့လက်ရှိ အချိန်ထိတော့ ပိုင်တံခွန်ဟာ လုံခြုံဘေးကင်းစွာ ရှိနေပြီး မတ ရားတဲ့ လုပ်ရပ်များအား နိုင်ငံတကာမှ သိစေရန် ပြည်သူများဘက်မှ ရပ်တည် ပေးလျက်ရှိပါတယ်။

ပိုင်တံခွန်က လူမှုကွန်ရက် စာ မျက်နှာမှတဆင့် အိတ်ဖွင့်ပေးစာ တစောင်ရေးသားလာခဲ့ပါတယ်။

“မြန်မာ နိုင်ငံသားတယောက်အနေနဲ့ လေး စားစွာ၊ ရိုကျိုးစွာနဲ့ ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲ တောင်းဆိုချင်ပါတယ်။

နေ့စဉ် နေ့တိုင်းပဲကျနော့် အသက်ထက် ငယ်တဲ့ ပြည်သူလူထုထဲက လူငယ်လေးတွေဟာ မြန်မာနိုင်ငံရဲ့ တရားဝင် ရွေးကောက်ခံအ စိုးရ CRPH က အကြမ်းဖက် သမားတွေလို့ သတ်မှတ် ထားတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကို ခံ နေကြရပါတယ်” လို့ ပိုင်တံခွန်က အစချီ ရေးသား ထားပါတယ်။

ဆက်လက်ပြီး “အခြားနိုင်ငံက ကလေးငယ်တွေ၊ လူငယ်တွေ အေးချမ်းစွာ၊ လွတ်လပ် ငြိမ်းချမ်း ပျော်ရွှင်စွာ နေထိုင် နေကြချိန်မှာ ကျနော်တို့နိုင်ငံက လူငယ်တွေဟာ အခြေခံလူ့အခွင့်အရေး လေးတောင်မှ မရခဲ့ကြပါဘူး။

ဒါ့အပြင် အမှန်တရားဘက်က ရပ်တည်ကြတဲ့ လူငယ်တွေဟာ သတ်ဖြတ်ခံ ကြရပါတယ်။ လွတ်လပ်ခြင်းရဲ့ အရိပ်အယောင်တွေ မရရှိခဲ့ ကြပါဘူး။

အားလုံးသိပြီး ကြသလိုပဲ လူငယ် အများစုဟာ ပညာရေးနဲ့ ဝေးကွာခဲ့ကြတာ တလကျော် ကြာနေပြီ ဖြစ်ပါတယ်။

ဒါဟာ လုံးဝ လက်ခံနိုင်စရာ မရှိအောင် ကြေကွဲ ခံစားရပါတယ်” လို့ ဆိုပါတယ်။ ဒီအိတ်ဖွင့်ပေးစာထဲမှာတော့ တခြားသော နိုင်ငံများမှ ကလေးငယ်များ၊ လူငယ်များ လွတ်လပ်ငြိ မ်းချမ်းစွာ နေထိုင်နေကြချိန်မှာ

မြန်မာနိုင်ငံမှ လူငယ်များကတော့ အခြေခံ လူ့အခွင့်အရေးတော င် မရခဲ့ကြဘဲ အမှန်တရားဘက်မှ ရပ်တည်ကြတဲ့ လူငယ်များ သတ်ဖြတ်ခံနေကြရကြောင်း၊ လူ ငယ် အ များစုဟာ ပညာရေးနဲ့ ဝေးကွာနေတာဟာ တလကျော် ကြာနေပြီ ဖြစ်တဲ့ အကြောင်းများ ပါရှိပါတယ်။

ဒါကြောင့် ပိုင်တံခွန့်အနေနဲ့ ကုလသမဂ္ဂနိုင်ငံများကို စစ်အာဏာရှင် လုပ်ရပ်အား ရှုတ်ချပေးရန် ၊ စစ်အာဏာရှင် ရဲ့လုပ်ရပ်များအား အရေးယူပေးရန်နဲ့ မတရား ဖမ်းဆီးခံထားရတဲ့သူတွေကို လွှတ် ပေးဖို့ တောင်းဆိုပေးရန် ရေးသားထားပါတယ်။

“ကျနော် အမှန်အတိုင်း ရိုးသားစွာ ကုလ သမဂ္ဂနိုင်ငံများကို တောင်းဆိုပါတယ်။ ဒီစစ် အာဏာရှင် ရဲ့ လုပ်ရပ်တွေကို ရှုတ်ချပေးပါ။

ဝမ်းနည်းဖွယ် လုပ်ရပ်တွေအတွက် အ ရေးယူပေးပါ။ ပြီးတော့ မတရား ဖမ်းဆီးခံ ပြည်သူတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပေးပါ ခင်ဗျာ” လို့ ပိုင်တံခွန် က ရေးသားထားပါတယ်။

စစ်တပ်မှ အာဏာ စတင်သိမ်းခဲ့တဲ့ ရက်စကတည်းက နိုင်ငံ့အရေးကို မခံမရပ်နိုင်ဘဲ ပြည်သူများ ဘက် မှ ရပ်တည်ကာ တက်ကြွစွာ ပါဝင် လှုပ်ရှားနေတဲ့ ပိုင်တံခွန်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်မှ လိုက်လံ ရှာ ဖွေ ဖမ်းဆီးဖို့ ကြိုးပမ်းနေတဲ့အကြောင်းများ လူမှုကွန်ရက် စာမျက်နှာ ပေါ် မှာ ပျံ့နှံ့ခဲ့ပါတယ်။

လက်ရှိ အချိန်ထိတော့ ပိုင်တံခွန်ဟာ လုံခြုံဘေးကင်းစွာ ရှိနေပြီး မတရားတဲ့ လုပ်ရပ်များအား နိုင်ငံတကာမှ သိစေရန် ပြည်သူ များဘက်မှ ရပ်တည် ပေးလျက်ရှိပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *