ကမ္ဘာနှင့် အဝန်း နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဖဲကြိုးဖြူ ကမ်ပိန်းမှာ ပါဝင်‌ပေးကြရန် ပြည်သူချစ် အနှပညာရှင်များက တိုက်တွန်းလာခဲ့

ကမ္ဘာနှင့် အဝန်း နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဖဲကြိုးဖြူ ကမ်ပိန်းမှာ ပါဝင်‌ပေးကြရန် ပြည်သူချစ် အနှပညာရှင်များက တိုက်တွန်းလာခဲ့

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အမျိုးသမီးများ အပေါ် အကြမ်းဖက် ပပျောက်ဖို့ ဖဲကြိုးဖြူ လှုပ်ရှားမှု့မှာ ပါဝင်စို့ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်တဲ့ “ အမျိုးသမီးများ အပေါ် အကြမ်းဖက်‌မှု့ ပပျောက်ရေးနေ့”

အထိမ်း အမှတ်အဖြစ် အမျိုးသမီးများ အပေါ်အ ကြမ်းဖက် မှုများကို မည်သည့် နည်းနှင့်မဆို ကိုယ် တိုင် မကျူးလွန်သလို ယင်းအကြမ်းဖက်မှုများ ပ ပျောက်ရန် ကြိုးပမ်းပါမယ်လို့ ကတိ တဝတ်ပြုကာ ဖဲ ကြိုးဖြူလှုပ်ရှားမှု့ကို နှစ်စဉ် နှစ်တိုင်း ကျင်းပလေ့ရှိပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရန် အတွက်ရည်ရွယ်တဲ့ ဒီလှုပ်ရှားမှု့လေးမှာ ဒီမိုကရေစီ လိုလားသူ ပြည်သူ လူထုအားလုံး ပါဝင်ပေးကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

အနုပညာရှင်များနဲ့ ထင်ရှား ကျော်ကြားသူများ က ဒီလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ပေးထားတဲ့ ဓာတ်ပုံများကို နမူနာ အဖြစ်အောက်တွင် ကြည့်ရှုနိုင်ပါတယ်။ ဖဲ ကြိုးဖြူလှုပ်ရှားမှုမှာ ပါဝင်ဖို့ (၁) ဖဲကြိုးဖြူလေးများကို ဘယ်ဖက် ရင်ဘတ်တွင် တပ်ဆင်ထားပြီး လက် သုံးချောင်းထောင်ကာ ဓာတ်ပုံရိုက်ပါ။

(၂) ၎င်းဓာတ်ပုံလေးများကို ဆိုရှယ်မီဒီယာတွင် အောက်ဖော်ပြပါစာသား hashtag လေးများဖြင့် တင်ပါ နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့သည် ကမ္ဘာနှင့် အဝန်းတွင် နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ၁၆ ရက်တာ လှုပ်ရှားမှု့ ကာလဖြစ်ပါတယ်။

ကျွန်တော်/ ကျွန်မ သည် ပြည်သူ့ တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေသော ဒီမိုကရေစီ လိုလားသည့် ပြည်သူ တစ်ဦးဖြစ်သည် နှင့်အညီ ဒီကန နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သော အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် အမျိုးသမီးများ အပေါ် အကြမ်းဖက် မှုများကို ကိုယ်တိုင် မကျူးလွန်သည့်

အပြင် ယင်း အကြမ်းဖက်မှုများ လျော့ကျသွားစေရန် တစ်တပ်တစ်အား ပါဝင် ကြိုးပမ်းပါမည်ဟု ဖဲကြိုးဖြူ ကမ်ပိန်းတွင် ပါဝင်ခြင်းဖြင့် ကတိကဝတ်ပြုပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *