ကတိအတိုင်း BMW ကားအသစ်ကြီးနဲ့ ဖခင်ရဲ့ ရုပ်အလောင်းကို မြေမြုပ်သဂြိုလ်ပေးခဲ့တဲ့ အမျိုးသားတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကတိအတိုင်း BMW ကားအသစ်ကြီးနဲ့ ဖခင်ရဲ့ ရုပ်အလောင်းကို မြေမြုပ်သဂြိုလ်ပေးခဲ့တဲ့ အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ထူဆန်းတဲ့အကြောင်းအရာ တခုဆိုလည်း မမှားပါဘူး။ Nigerian နိုင်ငံသား အမျိုးသား တစ်ဦးက ဖခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ရိုးရာ အ ခေါင်းတလားအစား BMW ကားအသစ် တစ်စီးထဲထည့်ပြီး မြေမြုပ် သဂြိုလ်လာခဲ့ပါတယ်။

Nigerian နိုင်ငံ Ihiala မြို့ရှိ Azubuike အမည်ရှိတဲ့ ၎င်း အမျိုးသားက သူတို့ရဲ့ ရိုးရာဓလေ့ကို ဆန့်ကျင်ပြီး အခုလို လုပ်ရခြင်းက ဖခင်ဖြစ်သူကို ဘဝတစ်လျှောက် ကောင်းကောင်းစီးနိုင်မယ့် ကားတစ်စီးဝယ်ပေးဖို့ ကတိပေးခဲ့တာကြောင့် ဖခင်ဖြစ်သူရဲ့ ရုပ်အလောင်းအား ဒေါ်လာ (၆၆,၀၀၀) သိန်း (၈၉၃) သိန်းတန်ဖိုးရှိတဲ့ BMW ဇိမ်ခံကား အသစ်တစ်စီးဖြင့် မြေမြုပ် သဂြိုလ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။

Azubuike ရဲ့အကုန်အကျများတဲ့ စတန့်နဲ့ ဖခင်ဖြစ်သူကို ဂုဏ်ပြုခဲ့ပေမဲ့လည်း ကမ္ဘာတစ်ဝှမ်းက လူတွေအတွက် အထင်ကြီး လေးစားစရာမရှိ စေခဲ့ပါဘူး။

ဖခင်ဖြစ်သူရဲ့ အခေါင်းတလားအား Ihiala မြို့ကနေ ဝေးလံခေါင်သီတဲ့ ရွာတစ်ရွာရဲ့ င်္သချိုင်းတွင်းထဲသို့ မြေချပေးနေတဲ့ ဝတ်စုံအနက်နဲ့ လူတစ်စုရဲ့ဓာတ်ပုံကို Zevi Gins အမည်ရှိတဲ့ အမျိုးသားက Facebook ပေါ် ခုလိုမျှဝေခဲ့ပြီးနောက် ၎င်းဖြစ်ရပ်က Nigerian နိုင်ငံသားတွေရဲ့ အာရုံကို ချက်ချင်း ဖမ်းစားစေလာခဲ့ပါတယ်။

လူတစ်ယောက်က ၎င်းဖြစ်ရပ်ကို လူမည်းတွေရဲ့ ဂုဏ်ကို မြင့်တင်ပေးစေကြောင်း ဆိုခဲ့ပေမဲ့လည်း အချို့က BMW ကားအပိုင်းအစတွေကို လိုချင်တဲ့ သူခိုးတွေက ၎င်း သင်္ချိုင်း တွင်းကို ဖောက်သွားလိမ့်မယ်လို့ ပြောဆိုလာခဲ့ကြပါတယ်။

လူအချို့ကတော့ ဒီလောက်ဈေးကြီးတဲ့ အသုဘ အခမ်းအနားက တစ်ကယ်ကော ဖြစ်ပျက်ခဲ့ရဲ့လားလို့ မေးခွန်းထုတ်လာခဲ့ကြပါတယ်။ သိုပေမဲ့လည်း သတင်းအချက် အလက် တွေအရ ၎င်းဖြစ်ရပ်က မှန် မမှန်သေချာ မသိခဲ့ရသလို နောက်ဆုံး ဈာပနာ အခမ်းအနားအတွက် သားဖြစ်သူမှ အ တည်ပြုပြီး ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံကို ပြန်မျှဝေပေးခဲ့ခြင်းလည်းမရှိခဲ့ပါဘူး။

ဘယ် လိုဘဲဖြစ်ဖြစ် ကွယ်လွန်သွားခဲ့တဲ့ ဖခင်ကို ဂုဏ်ပြုဖို့အတွက် တန်ဖိုးကြီး ကားထဲမြေမြုပ် သဂြိုလ်ခြင်းကြောင့် အလွန် ဒေါသထွက်နေခဲ့ကြတဲ့ လူအချို့လည်း ရှိနေခဲ့ပါတယ်။ ပရိတ်သတ်ကြီးရဲ့ အမြင်လေးတွေလည်း ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း မင်္ဂ လာရှိတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *