ကင်း စောင့် ရင်း ဗိုက် ဖြည့် ဖို့ ခေါက် ဆွဲ ပြုတ် ကို ဇလုံ ထဲထည့်ကာ စားကြရတဲ့ လူ ငယ်လေးများ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ကင်း စောင့် ရင်း ဗိုက် ဖြည့် ဖို့ ခေါက် ဆွဲ ပြုတ် ကို ဇလုံ ထဲထည့်ကာ စားကြရတဲ့ လူ ငယ်လေးများ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မျိုးဆက်သစ် လူငယ်လေးတွေဟာ ညဘက်ကြီး ကင်းစောင့်ရင်း ဗိုက်ဖြည့်ဖို့အတွက် လူစုံတတ်စုံနဲ့ ဇလုံကြီးထဲကို ယမ်ယမ် ခေါက်ဆွဲပြုတ်တွေ ထည့်ပြီး စုစားကြတဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ လူ ငယ် တွေ ဟာ ဒီ တိုက် ပွဲ ကြီး မပြီးမချင်းကို အဆုံးထိ တိုက် သွား ကြဖို့ကို ဆုံးဖြတ်ထားကြတာပါ။ ဒါ့ကြောင့်ပဲ (၂) လ နီးပါးကြာမြင့်လာခဲ့တဲ့ ဒီ တော် လှန် ရေး ကြီး ကို ဆက် လက် တိုက် နေကြတာပဲ ဖြစ်ပါတယ်။

ကျ ဆုံး သွား ခဲ့ တဲ့ သူ ရဲ ကောင်း တွေ အတွက် လည်း ၂ ဆ ကြိုးစားပြီးအောင် မြင် မှု ရ ရှိ ရေးကိုသာ အာရုံထားနေကြတာပါ။ မိဘ ဆုံး ရှုံး သွားရတဲ့ ကလေးငယ်လေးတွေ ရှိသလို သားသမီး ဆုံး ရှုံးသွားခဲ့ရတဲ့ မိဘတွေလည်း ရှိနေကြပါတယ်။

ဒါပေမယ့် ဒို့ ပြည် သူ တွေဟာ မိဘတိုင်းရဲ့ သားသမီးတွေ ဖြစ်ကြသလို ဒို့ ပြည် သူ တွေ က ပဲ ကလေးငယ်တိုင်းရဲ့ ညီအကို မောင်နှမ များသာ ဖြစ်တဲ့ အတွက်ကြောင့်အခုချိန်ထိကို သွေးစည်းပြီး ညီညီ ညွတ် ညွတ် နဲ့ ဆက် လက် တိုက် နေ ကြ တာပဲ ဖြစ်ပါတယ်။

ယခုအခါမှာလည်း ကျနော်တို့ အရမ်းအားထားရတဲ့ မျိုး ဆက် သစ် လူ ငယ် တွေ ဟာညဘက်တွေ ကင်း စောင့် ရတာတွေ ရှိပါတယ်။ အဲ့လို ညဘက်တွေ ကင်း စောင့်တဲ့အခါ အိမ်မှာ ဘယ်လောက်ပဲစားခဲ့စားခဲ့ ညဘက် (၁၁) နာရီ (၁၂) နာရီ ဆို မအိပ်ရသေးတဲ့ သူတွေအဖို့ဗိုက်အတော်ဆာတဲ့ အချိန်ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် သူတို့ဟာ ညဘက် ဗိုက်ဖြည့်ဖို့ ယမ်ယမ် ခေါက်ဆွဲပြုတ်ကို ဇလုံကြီးထဲထည့်ပြီး စားသောက်နေကြတာပဲ ဖြစ်ပါတယ်။

အဆိုပါ သူတို့လေးတွေရဲ့ ပုံရိပ်လေးတွေကို မိဘ ပြည် သူ များထံ ပြန်လည် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ကျနော်တို့ အရမ်း အားကိုး အားထားရသူတွေမို့ ဘေးကင်းလုံခြုံကြပါစေဗျာ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *