ကင်းမရွာရဲ့အခြေအနေကို သွားရောက်ကြည့်ရှု့ပြီး လိုအပ်တာတွေ ဖေးမကူညီ လှူဒါန်းလာခဲ့တဲ့ ထူးအယ်လင်း

ကင်းမရွာရဲ့အခြေအနေကို သွားရောက်ကြည့်ရှု့ပြီး လိုအပ်တာတွေ ဖေးမကူညီ လှူဒါန်းလာခဲ့တဲ့ ထူးအယ်လင်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့ အကြမ်းဖက် မီးရှို့ဖျက်စီးမှုတွေကြောင့် တစ်ရွာလုံးမီးလောင်ပြာကျခဲ့ရတဲ့ ကင်းမရွာကတော့ လက်ရှိ အခြေအနေတွေမှာ အကူအညီတွေ တော်တော် များများ လိုအပ်နေတာ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် ပရဟိတ အဖွဲ့ အစည်းတွေနဲ့ စေတနာ ရှင်တွေက အကူ အညီပေးနိုင်ဖို့ လုပ်ဆောင်နေကြပြီး အဆိုတော် ထူးအယ်လင်းကလည်း သူ့ရဲ့ အဖွဲ့သားတွေနဲ့အတူ ကင်းမရွာကို ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။

ထူးအယ်လင်းဟာ မီးလောင်ထားတဲ့ ရွာရဲ့အခြေအနေတွေကို အခက်အခဲတွေကြားက ကိုယ်တိုင် ကိုယ်ကျ သွားရောက်ကြည့်ရှု့ရင်း ဒေသခံ ပြည်သူတွေအတွက် လိုအပ်တာတွေ ဖေးမကူညီ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

စားနပ် ရိက္ခာတွေနဲ့ အခြားလိုအပ်တာတွေ လှူဒါန်းရင်း အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေ အမြန်ဆုံးငြိမ်းအေး အဆင် ပြေစေဖို့ကိုလည်း စိတ်မကောင်းစွာ ဆုတောင်း ပေးထားပါသေးတယ်။

“အမြန် အဆင်ပြေ ကြပါစေဗျာ ပံ့ပိုးကူညီကြတဲ့ ခုနှစ်ရက်သားသမီး ရာဟု သားသမီး အပါ အလှုရှင်များ၏ ကောင်းမှုကိုသာဓုခေါ်ဆို ကုသိုလ်အမျှရကြပါစေ

သာဓု သာဓုသာဓု ၁၉.၆.၂၀၂၁(စနေနေ့) ” ဆိုပြီး အလှူပုံရိပ်တွေကို ထူးအယ်လင်းက ပြန်လည် ဝေမျှထားတာ ဖြစ်ပါတယ်။

အခုလို အဘက်ဘက်ကနေ အကူအညီတွေများစွာ လိုအပ်နေတဲ့ ကင်းမရွာ ပြည်သူတွေအတွက် ကိုယ် တိုင် ကိုယ်ကျ သွားရောက် အားပေးရင်း ဖေးမကူညီခဲ့တဲ့ ထူးအယ်လင်းတို့ စေတနာရှင်တွေရဲ့ အလှူတွေကတော့ တကယ်ကို ချီးကျူးသာဓုခေါ်စရာ ကောင်းလှပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း ကျေးဇူးအထူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *